Connect with us

North America

မက္ကဆီကိုနိုင်ငံ၌ လောင်စာဆီခိုးယူမှုနှင့် ဆက်နွယ်သော ပေါက်ကွဲမှုအတွင်း လူ ၁ ဦး သေဆုံး ၊ ၁၅ ဦး ဒဏ်ရာရရှိ

မက္ကဆီကိုနိုင်ငံ Puebla ပြည်နယ် San Pablo Xochimehuacan မြို့၌ အောက်တိုဘာ ၃၁ ရက်က Pemex ရေနံဓာတ်ငွေ့ပိုက်လိုင်းတွင် တရားမဝင်ဖောက်ယူခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ၌ မက္ကဆီကို စစ်သားများက လုံခြုံရေး စောင့်ကြပ်နေစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း Puebla ပြည်နယ်ရှိ နိုင်ငံပိုင် Petroleos Mexicanos (Pemex) ရေနံကုမ္ပဏီ ပိုင်ဆိုင်သည့် ပိုက်လိုင်းတစ်ခုတွင် တရားမဝင် ဖောက်ယူမှုပြုလုပ်သော နေရာအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

Puebla ပြည်နယ်အုပ်ချုပ်ရေးမှူး Miguel Barbosa က ယင်းဖြစ်စဉ်သည် ပြည်နယ်၏ မြိုတော် မြောက်ဘက် San Pablo Xochimehuacan မြို့ရှိ ရေနံဓာတ်ငွေ့ပိုက်လိုင်းတစ်ခုအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူအချို့အား နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ မြို့အတွင်းရှိ အဆောက်အအုံ ၅၀ ကျော်မှာ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

မက္ကဆီကိုနိုင်ငံ သမ္မတ Andres Manuel Lopez Obrador သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ Pemex ပိုက်လိုင်းများမှ လောင်စာဆီခိုးယူမှုကို တိုက်ဖျက်လျက် ရှိကြောင်း သိရသည်။
မက္ကဆီကိုနိုင်ငံ၏ မှတ်တမ်းတွင် လောင်စာဆီခိုးယူမှုနှင့် ဆက်နွယ်သည့် အဆိုးရွားဆုံး ဖြစ်ရပ်ဆိုးများအနက် တစ်ခုမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် Hidalgo ပြည်နယ် Tlahuelilpan မြို့၌ ဖြစ်ပွားခဲ့သော ပိုက်လိုင်းအား တရားမဝင် ဖောက်ယူရာမှ ပေါက်ကွဲမှုအတွင်း လူ ၁၃၇ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
One dead, 15 injured in fuel theft-related explosion in Mexico
MEXICO CITY, Oct. 31 (Xinhua) — At least one person died and 15 others were injured in an explosion near an illegal tap on a pipeline belonging to the state-owned Petroleos Mexicanos (Pemex) oil company in the central Mexican state of Puebla, local authorities said on Sunday.
Governor of Puebla Miguel Barbosa told a press conference that the accident occurred near a liquefied petroleum gas pipeline in the town of San Pablo Xochimehuacan, north of the state capital.
Some of the injured were taken to nearby hospitals after the explosion, which also damaged more than 50 buildings in the town, according to the authorities.
Since the beginning of his administration in December 2018, Mexican President Andres Manuel Lopez Obrador has been combating the theft of fuel from Pemex pipelines.
In January 2019, an explosion at an illegal pipeline tap in the town of Tlahuelilpan in the Mexican state of Hidalgo left 137 dead in one of the most serious tragedies related to fuel theft in the country’s history. Enditem
Photo – Members of the Mexican Army guard the scene of an explosion at an illegal tap site on a Pemex liquefied petroleum gas pipeline in the town of San Pablo Xochimehuacan in Puebla state, Mexico, on October 31, 2021. (Xinhua/Carlos Pacheco)