Connect with us

Asia

တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုအပိုင်း-အပြည့်အဝဆောင်ရွက်ရန် လာအိုအစိုးရ ပြောကြား

တရုတ်-လာအို ရထားလမ်းပိုင်း လာအိုနိုင်ငံဘက်အခြမ်းတွင် တည်ရှိသည့် Phonethong ရထားလမ်းကူးတံတား အပေါ်စီးမြင်ကွင်းအား ၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ နိုင်ဝင်ဘာ ၁ ရက်(ဆင်ဟွာ)

လာမည့် ဒီဇင်ဘာ ၂ ရက်တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ရန် စီစဉ်ထားသော လာအို နှင့် တရုတ် နှစ်နိုင်ငံက count down ပြုလုပ်၍ တရုတ်-လာအို ရထားလမ်းကြီးအား ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းများ အပြည့်အဝဆောင်ရွက်ထားကြရန် လာအိုနိုင်ငံအစိုးရက ပြောကြားခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံဘက်အခြမ်းတွင် တည်ဆောက်နေသော တရုတ်-လာအို ရထားလမ်း၏ မဲခေါင်မြစ်ကူး Luang Prabang တံတားကြီး တည်ဆောက်ရေးမြင်ကွင်းအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

သောကြာနေ့(အောက်တိုဘာ ၂၉ ရက်) က အဆုံးသတ်သည့် အောက်တိုဘာလအတွက် လာအိုအစိုးရဝန်ကြီးအဖွဲ့၏ တစ်လတာ ပုံမှန်အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နေ့စဉ်ထုတ် Vientiane Times သတင်းစာက ယနေ့ နိုဝင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။

လာအိုနိုင်ငံဝန်ကြီးချုပ် Phankham Viphavanh က သဘာပတိအဖြစ်ဆောင်ရွက်သည့် လာအိုအစိုးရအဖွဲ့ဝန်ကြီးအစည်းအဝေးတွင် ဝန်ကြီးချုပ်က ရထားလမ်းတစ်လျှောက် အဆောက်အဦပိုင်းများတည်ဆောက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများအား စွဲဆောင်ရန်အတွက် အစီအစဉ်များကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် တာဝန်ရှိသူများအနေဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် အမြန်လမ်းတည်ဆောက်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာနများအနေဖြင့် ကြိုတင်ပြင်ဆင်မှုပြုလုပ်ကြရန်အပြင် ပျက်စီးနေသော လမ်းပိုင်းများအား ပြင်ဆင်ရေး လုပ်ဆောင်ကြရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။
စီးပွားရေးလုပ်ငန်းများလည်ပတ်ရန် အတားအဆီးများ ဖယ်ရှားရှင်းလင်းခြင်း နှင့် ဗျူရိုကရေစီယန္တရားလုပ်ထုံးလုပ်နည်းများအား လျင်လျင်မြန်မြန် ဖယ်ရှားခြင်းကို ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးပတ်ဝန်းကျင်ကောင်းမြှင့်တင်နိုင်ရေး ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်သွားရန်လည်း သက်ဆိုင်ရာအာဏာပိုင်များအား ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံ-စံချိန်စံညွှန်း” ကျည်ဆန်ရထား (သို့မဟုတ်) လျှပ်စစ်စနစ်မျိုးစုံသုံး(EMU) ရထားကြီးသည်တရုတ်-လာအို ရထားလမ်းတွင် ပြေးဆွဲရန်အတွက် အောက်တိုဘာ ၁၆ ရက်က အသစ်တည်ဆောက်ထားသော တရုတ်-လာအို ရထားလမ်းပိုင်းပေါ်ရှိ ဗီယင်ကျန်းဘူတာရုံသို့ ဆိုက်ရောက်ခဲ့သည်။

တရုတ်-လာအိုရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်နှင့်ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ကုန်တွင်းချိတ်ဆက်မှု အချက်အခြာကျသောနိုင်ငံအဖြစ်သို့ ကူးပြောင်းမည့် လာအိုနိုင်ငံ၏ဗျူဟာအကြား မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်သည်။

လျှပ်စစ်ဓာတ်အားသုံးစနစ် ခရီးသည်နှင့် ကုန်တင်ရထားလမ်းသည် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုနှင့် နည်းပညာစံနှုန်းများဖြင့် အပြည့်အဝ တည်ဆောက်ထားခြင်းဖြစ်သည်။၂၀၁၆ ခုနှစ်ဒီဇင်ဘာတွင် စတင်ခဲ့သည့် အဆိုပါ စီမံကိန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် လုပ်ငန်းပြီးစီးရန်နှင့် လည်ပတ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Lao gov’t orders full-scale preparation for China-Laos railway opening
VIENTIANE, Nov. 1 (Xinhua) — The Lao government has ordered full-scale preparations for the opening of the China-Laos railway, as Laos and China count down to Dec. 2, the planned date of its inauguration.
The cabinet gave the order at its monthly meeting for October, which ended last Friday, local daily Vientiane Times reported on Monday.
Chaired by Lao Prime Minister Phankham Viphavanh, the cabinet meeting told authorities in charge to accelerate action to fulfill plans to attract investment in facilities alongside the railway.
The meeting called on the relevant departments to prepare for the construction of expressways as well as repair damaged roads.
Authorities were told to take more effective action to improve the business environment by streamlining bureaucratic procedures and removing barriers to business operation.
The streamlined “China-standard” bullet train, or electric multiple unit (EMU) train, for the China-Laos railway arrived at the newly built China-Laos Railway Vientiane Station on Oct. 16.

The China-Laos Railway is a docking project between the China-proposed Belt and Road Initiative and Laos’ strategy to convert itself from a landlocked country to a land-linked hub.
The electrified passenger and cargo railway is built with the full application of Chinese management and technical standards. The construction of the project started in December 2016 and is scheduled to be completed and operational in December 2021. Enditem

(1) Aerial photo taken on June 15, 2021 shows the Phonethong bridge under construction in Vientiane, Laos. The China Railway No. 5
(2) Aerial photo taken on April 23, 2020 shows the construction site of the Aerial photo taken on April 23, 2020 shows the construction site of the Luang Prabang cross-Mekong River super major bridge of the China-Laos railway in Laoscross-Mekong River super major bridge of the China-Laos railway in Laos