Connect with us

Africa & Middle East

မာဒါဂတ်စကာနိုင်ငံတွင် သမ္မတရာဂျိုးလင်နာ အားလုပ်ကြံရန် ကြိုးပမ်းသူ ၂၁ ဦး အဖမ်းခံရ

မာဒါဂတ်စကာနိုင်ငံ သမ္မတ(ဟောင်း) Hery Rajaonarimampianina (ယာ) နှင့် သမ္မတ(သစ်) Andry Rajoelina (ဝဲ) တို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်သည့် အာဏာလွှဲပြောင်းရေး အခမ်းအနား၌ လက်မှတ်ရေးထိုးနေကြစဉ်(ဆင်ဟွာ)

အန်တာနန်ရီဗို ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

မာဒါဂတ်စကာနိုင်ငံ သမ္မတ အန်ဒရီရာဂျိုးလင်နာ(Andry Rajoelina) အားလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသူ ၂၁ ဦးကို မာဒါဂတ်စကာအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသမီဒီယာက တနင်္လာနေ့တွင် ရေးသားဖော်ပြခဲ့သည်။

မာဒါဂတ်စကာနိုင်ငံမြို့တော် အန်တာနန်ရီဗိုမြို့ (Antananarivo)ရှိ အယူခံတရားရုံး၏ ရှေ့နေချုပ်က တနင်္ဂနွေနေ့တွင် ပြောကြားရာ၌ စုံစမ်းစစ်ဆေးရေးအရာရှိများ၏ လက်ထဲတွင် သိမ်းဆည်းရမိသော လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက်သေအထောက်အထား အရာဝတ္ထုပစ္စည်များပေါ်အခြေခံ၍ လုပ်ကြံမှုတွင် အဓိကပါဝင်သက်သူများကို အတည်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း L’Express de Madagascar သတင်းစာကရေးသားဖော်ပြခဲ့သည်။

လုပ်ကြံရေးသမားများက သမ္မတရာဂျိုးလင်နာ အပါအဝင် မာဒါဂတ်စကာထိပ်တန်းနိုင်ငံရေးသမား ၅ ဦးကို ပစ်မှတ်ထားခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်တပ်မှ ဗိုလ်ချုပ် ၅ ဦး နှင့် တပ်ထိန်း အပါအဝင် “ ဒီလုပ်ကြံမှုထဲမှာ လူတွေအများအပြားပါဝင် ပတ်သက်နေပါတယ်” ဟု Razafiarivony ကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

———————————–
(English Version)
Madagascar: 21 arrested over assassination attempt on president Rajoelina

ANTANANARIVO, Aug. 2 (Xinhua) — Madagascar authorities have arrested 21 suspects over an assassination attempt on President Andry Rajoelina, local media reported on Monday.
Berthine Razafiarivony, general attorney of the court of appeal of Antananarivo, told a briefing on Sunday that based on tangible, material evidence in the hands of investigators, the main instigators of the plot have been identified, L’Express de Madagascar reported.
The suspects intended to eliminate five Malagasy political figures, including president Rajoelina, she said.
“Several people were involved in this affair,” including five generals from the army and the gendarmerie, Razafiarivony said.

File photo shows the handover of power between Madagascar’s former President Hery Rajaonarimampianina (2nd, L) and incoming President Andry Rajoelina (1st, L) in January 2019. (Xinhua/Sitraka Rajaonarison)