Connect with us

International Organizations

မြောက်ကိုရီးယားက အရှေ့ဘက်ပင်လယ်အတွင်းသို့ အမျိုးအမည်မသိဒုံးကျည် ၂ စင်း ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ရထားပေါ်မှ နေ၍ ကီလိုမီတာ ၈၀၀ အကွာအဝေးရှိ ပစ်မှတ်အား ထိမှန်စေခဲ့သော ဒုံးကျည်တစ်စင်း ပစ်လွှတ်နေစဉ်(ဓာတ်ပုံ-KCNA via Xinhua)

ဆိုးလ် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK)သည် အရှေ့ဘက်ပင်လယ်အတွင်းသို့ ခရုဇ်ဒုံးကျည်များဟု ယူဆရသည့် အမျိုးအမည်မသိ ဒုံးကျည်များအား ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ Yonhap သတင်းအေဂျင်စီက အမည်မဖော်လိုသည့် စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဇန်နဝါရီ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယားစစ်တပ်သည် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် အရှေ့ဘက်ရေပြင်အတွင်းသို့ မြောက်ကိုရီးယားနိုင်ငံမှ ပစ်လွှတ်ခဲ့သည့် အမျိုးအမည်မသိ ဒုံးကျည် နှစ်စင်းအား တွေ့ရှိခဲ့ကြောင်း ယင်းသတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။
ခရုဇ်ဒုံးကျည်များ ပစ်လွှတ်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံအား မည်သည့်ပဲ့ထိန်းဒုံးကျည်များမဆို စမ်းသပ်ပစ်ခတ်ခြင်းမှ ပိတ်ပင်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ရာ မရောက်ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခုလအစောပိုင်း ဇန်နဝါရီ ၅ ရက်တွင် တစ်ကြိမ် နှင့် ၁၁ ရက်တွင် တစ်ကြိမ် အသံထက်မြန်သော ဒုံးကျည် တစ်စင်းစီ ပစ်လွှတ်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် မီးရထားဖြင့်သယ်ဆောင်ပစ်ခတ်သည့် တာတိုပစ်ပဲ့ထိန်းဒုံးကျည် နှစ်စင်း နှင့် ဇန်နဝါရီ ၁၇ ရက်တွင် နည်းဗျူဟာမြောက် ပစ်မှတ်လမ်းညွှန်စနစ်တပ်ဆင်ထားသည့် ဒုံးကျည်များ အပါအဝင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု လေးကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————-
(English Version)
DPRK fires 2 unidentified missiles into East Sea: S.Korean media
SEOUL, Jan. 25 (Xinhua) — The Democratic People’s Republic of Korea (DPRK) fired two unidentified missiles, believed to be cruise missiles, into the East Sea, South Korea’s Yonhap News Agency reported Tuesday citing unnamed military sources.
The South Korean military detected two unidentified missiles launched from the DPRK into the eastern waters on Tuesday morning, the sources said.
The launch of cruise missiles is not in violation of the UN Security Council resolutions, which ban Pyongyang from test-firing any ballistic missiles.
Earlier this month, the DPRK conducted four missile tests, including a hypersonic missile on Jan. 5 and Jan. 11 each, two railway-borne short-range ballistic missiles on Jan. 14, and two tactical guided missiles on Jan. 17. Enditem
Photo – Photo provided by the Korean Central News Agency (KCNA) on Sept. 16, 2021 shows the Democratic People’s Republic of Korea (DPRK) launching a railway-borne missile with a mission to strike a target area 800 km away on Sept. 15, 2021. (KCNA via Xinhua)