Connect with us

Asia

မွန်ဂိုလီးယားနိုင်ငံ၌ ပြင်းထန်သောရာသီဥတုကြောင့် ၆ လအတွင်း မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၂ ဒသမ ၄ သန်း သေဆုံး

မွန်ဂိုလီးယားနိုင်ငံ မြောက်ပိုင်း Khuvsgul ပြည်နယ်ရှိ ကျေးလက်နေရာတစ်ခု၌ ၂၀၁၇ ခုနှစ် ဖေဖော်ရီလက ဆီးနှင်းအတွင်း သေဆုံးနေသော တိရစ္ဆာန်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဦလန်ဘာတာ ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံအနှံ့ ယခုနှစ် ပထမနှစ်ဝက်အတွင်း ပြင်းထန်သော ရာသီဥတုအခြေအနေများကြောင့် မွေးမြူရေးတိရစ္ဆာန် အကောင်ရေ စုစုပေါင်း ၂ ဒသမ ၄ သန်း သေဆုံးသွားကြောင်း နိုင်ငံ၏ အမျိုးသားအဆင့် စာရင်းအင်းရုံးက ယနေ့ ပြောကြားခဲ့သည်။

dzud ဟုခေါ်သော အလွန်ပြင်းထန်သော ရာသီဥတုတွင် ဆီးနှင်းနှင့်ဖုန်မှုန့်မုန်တိုင်းများဆိုးရွားစွာ တိုက်ခတ်ခြင်း နှင့် မိုးခေါင်ခြင်းတို့သည် တိရစ္ဆာန် သေဆုံးမှု၏ အဓိကအကြောင်းအရင်းများ ဖြစ်ကြောင်း စာရင်းအင်းရုံးက ပြောကြားခဲ့သည်။

မွေးမြူရေးတိရစ္ဆာန် သေဆုံးမှုများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် Bayankhongor ၊ Dundgovi ၊ Uvurkhangai နှင့် Govi-Altai ပြည်နယ်လေးခု၌ ဖြစ်ပွားခဲ့ပြီး ယခုနှစ် နွေဦးရာသီတွင် ပြင်းထန်သော ဆီးနှင်း နှင့် ဖုန်မှုန့် မုန်တိုင်းများအား အများဆုံး ကြုံတွေ့ခံစားခဲ့ရကြောင်း သိရသည်။

သေဆုံးခဲ့သည့် တိရစ္ဆာန်များ၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် ဆိတ်များ နှင့် သိုးများ ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်မွေးမြူရေးသည် မွန်ဂိုလီးယားနိုင်ငံ၏ ပင်မစီးပွားရေး ဖြစ်ပြီး ရေကြည်ရာမျက်နုရာ လှည့်လည်သွားလာနေထိုင်ကြသည့် ၎င်းလူမျိုးများအနက် ၄၀ ရာခိုင်နှုန်းနီးပါးသည် ၎င်းတို့၏ သက်မွေးဝမ်းကျောင်းအတွက် တိရစ္ဆာန်မွေးမြူရေးအပေါ် မှီခိုအားထားကြကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
2.4 mln heads of livestock killed in Mongolia in H1 due to severe weather
ULAN BATOR, Aug.2 (Xinhua) — Severe weather conditions killed a total of 2.4 million heads of livestock across Mongolia in the first half of this year, the country’s national statistics office said Monday.
Extreme wintry weather known as dzud, heavy snow and dust storms, and drought are the main causes of the animal deaths, the statistics office said.
Around 70 percent of the livestock deaths occurred in four provinces, namely Bayankhongor, Dundgovi, Uvurkhangai and Govi-Altai, which had suffered mostly from heavy snow and dust storms in the spring of this year.
Nearly 90 percent of the dead animals were goats and sheep.
Animal husbandry is the backbone of the landlocked country’s economy as nearly 40 percent of its nomads depend on animal husbandry for their livelihoods. Enditem
Photo – In this Feb. 13, 2017 photo dead animals lie in the snow in a rural area of Khuvsgul province in northern Mongolia.