Connect with us

Europe

ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရန် သံတမန်နည်းလမ်းအားထုတ်မှုများ လုပ်ဆောင်ရေး နေတိုးအကြီးအကဲပြောကြား

နေတိုးဌာနချုပ်တည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့၌ ဖေဖော်ဝါရီ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်နေသော နေတိုးအဖွဲ့အကြီးအကဲ Jens Stoltenberg အား တွေ့ရစဉ်(ဆင်ဟွာ)

တောလင်း ၊ မတ် ၂ ရက်(ဆင်ဟွာ)

အက်စတိုးနီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် မြောက်အတ္တလန္တိတ်သဘောတူစာချုပ်(နေတိုး)အဖွဲ့အကြီး Jens Stoltenberg က လက်ရှိဖြစ်ပွားလျက်ရှိသော ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရေး သံတမန်နည်းလမ်းအားထုတ်မှုများ လုပ်ဆောင်ကြရန် မတ် ၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။အက်စတိုးနီးယားနိုင်ငံ မြောက်ပိုင်းရှိ Tapa စစ်အခြေစိုက်စခန်းသို့ရောက်ရှိနေသော ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ၊ အက်စတိုးနီးယားဝန်ကြီးချုပ် Kaja Kallas နှင့်အတူ ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် နေတိုးအကြီးအကဲ Stoltenberg က ထိုသို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ယူကရိန်း၌ လက်ရှိဖြစ်ပွားနေသော စစ်ပွဲများ ချက်ချင်းရပ်တံ့ရန် ၊ ရုရှားတပ်များပြန်လည်ရုပ်သိမ်းရန် နှင့် သံတမန်နည်းလမ်းကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်သွားရန် ၎င်းက တောင်းဆိုခဲ့သည်။

Donetsk တွင် ပျက်စီးနေသည့် အိမ်တစ်လုံးရှေ့၌ ရပ်နေသော ဒေသခံတစ်ဦးအား ဖေဖော်ဝါရီ ၂၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

” ပြီးခဲ့တဲ့တစ်ပတ်လုံး ယူကရိန်းအပေါ် ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ရဲ့လေပိုင်နက် ၊ မြေပြင် နဲ့ ရေပြင် ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

” ဂျက်လေယာဉ်အစင်းပေါင်း ၁၀၀ကို အမြင့်ဆုံးတပ်လှန့်ထားပြီး မတူခြားနားတဲ့နေရာပေါင်း ၃၀ မှာ ကင်းလှည့်ပျံသန်းမှုလုပ်စေခဲ့ပါတယ်၊ ဘောလ်တစ်ပင်လယ်ကနေ မြေထဲပင်လယ်အထိ သင်္ဘောအစင်း ၁၂၀ ခုတ်မောင်းသွားစေခဲ့ပါတယ်” ဟု Stoltenberg ကပြောကြားခဲ့သည်။ ထို့ပြင် ဗြိတိန် ၊ အမေရိကန်ပြည်ထောင်စု နှင့်အခြားသော မဟာမိတ်နိုင်ငံများသည် မဟာမိတ်နယ်မြေ၏ အရှေ့ဘက်သို့ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို တိုးချဲ့စေလွှတ် တပ်ချထားကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

” သမိုင်းမှာ ကျွန်တော်တို့အတွက် ပထမဆုံးအကြိမ်ပါပဲ ၊ နေတိုးတုန့်ပြန်ရေးတပ်ဖွဲ့တွေကို ဖြန့်ကျက်ထားပါတယ်” ဟု ရုရှားနှင့် ပဋိပက္ခ မဖြစ်ပွားလိုသည့် မဟာမိတ်ခုခံကာကွယ်ရေးအဖွဲ့တစ်ခုဟုခေါ်ဆိုသည့် နေတိုးအဖွဲ့၏ အကြီးအကဲက ဆိုသည်။

ရုရှား နှင့် ယူကရိန်းအကြား ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ် ၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ TASS news agency က ဆိုသည်။

အချိန် ငါးနာရီခန့် ကြာမြင့်ခဲ့သော ပထမအကြိမ်ဆွေးနွေးပွဲကို ဘီလာရုဇ်နိုင်ငံ ဂိုမဲလ်ဒေသ၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်ခဲ့ပြီး မည်သည့်ရလဒ်မှ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း အသိပေးပြောကြားလိုသည်မှာ ” ယူကရိန်းမှာ ရုရှားတပ်တွေနဲ့ ကျွန်တော်တို့တိုက်ခိုက်သွားဖို့မရှိပါဘူး” ၊ ” ကျွန်တော်တို့ရဲ့တပ်ဖွဲ့စုစည်းမှုဟာ နေတိုးအဖွဲ့ဝင်နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာပဲ အခု Tapa စစ်အခြေစိုက်စခန်းမှာလိုမျိုးပဲ တပ်ဖြန့်ထားမယ်ဆိုတာ အခိုင်အမာပြောကြားလိုပါတယ်” ဟု ဆိုသည်။

တပ်ဖြန့်ချထားမည့် တပ်ဖွဲ့ဝင်အင်အားအရေအတွက်နှင့်ပတ်သက်၍ ဗြိတိသျှဝန်ကြီးချုပ်က ” ပြန်လည်သုံးသပ်မှုအောက်မှာပဲ အဲဒီကိစ္စတွေကို ကျွန်တော်တို့ အမြဲလုပ်ကိုင်ပါတယ် ” ဟုဆိုသည်။ ယူကရိန်းနိုင်ငံအပေါ် ရုရှားလေယာဉ်များဖြတ်ကျော်ခွင့်မပြုရေး ” no-fly zone” တောင်းဆိုမှုနှင့်ပတ်သက်၍ သိပ်ကိုကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း နှင့် ” ရိုးရှင်းပါတယ် ဘယ်နေတိုးအဖွဲ့ဝင်နိုင်ငံရဲ့ အစီအစဉ်ထဲမှာမှထည့်သွင်းထားခြင်း မရှိပါဘူး” ဟူ၍လည်း ၎င်းက ဆိုသည်။

ဗြိတိန်တပ်မတော်၏ တော်ဝင်ဝေလ ခြေလျင်တပ်ရင်း (Royal Welsh infantry regiment) မှ စစ်သည်အင်အား ၉၀၀ ကျော် နှင့် ဒိန်းမတ်တပ်ဖွဲ့ဝင် ၂၀၀ နီးပါးသည် ၎င်းတို့၏ မော်တော်ယာဉ်များ ၊ လက်နက်ကိရိယာများနှင့်အတူ Tapa စစ်အခြေစိုက်စခန်းရှိ နေတိုး၏ အက်စတိုးနီးယားမြေပြင်တပ်ဖွဲ့နှင့်ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အက်စတိုးနီးယားပြည်သူ့ရုပ်သံက မတ် ၁ ရက်တွင် သတင်းထုတ်လွှင့်ခဲ့သည်။

အက်စတိုးနီးယားနိုင်ငံသမ္မတ Alar Karis သည် မတ် ၁ ရက် နံနက်အစောပိုင်းတွင် တောလင်း(Tallinn) လေဆိပ်၌ နေတိုးအကြီးအကဲ Stoltenberg နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

Stoltenberg သည် အက်စတိုးနီးယားနိုင်ငံမှတဆင့် ပိုလန်နိုင်ငံသို့ သွားရောက်ကာ Lask လေတပ်အခြေစိုက်စခန်းသို့ မတ် ၁ ရက်တွင် လည်ပတ်ခဲ့ကြောင်းလည်း သိရသည်။(Xinhua)

————————–

(English Version)

NATO chief stresses diplomatic efforts to solve Ukraine crisis

TALLINN, March 2 (Xinhua) — Visiting Secretary General of the North Atlantic Treaty Organization (NATO) Jens Stoltenberg on Tuesday stressed diplomatic efforts to solve the ongoing Ukraine crisis.

Stoltenberg made the remarks at a joint press conference with Estonian Prime Minister Kaja Kallas and visiting British Prime Minister Boris Johnson at the Tapa Army Base in northern Estonia.

He called for an immediate stop of the war in Ukraine, pullout of Russian forces and the engaging of diplomatic efforts.

“Over the last weeks, in response to Russia’s attacks on Ukraine, we have increased our defensive presence in the air, on land, and at sea,” he noted.

There are “over 100 jets at high alert operating from 30 different locations and over 120 ships from the Baltic Sea to the Mediterranean,” Stoltenberg said, adding that Britain, the United States and other allies are deploying thousands more troops to the eastern part of the alliance.

“For the first time in our history, we are deploying the NATO response force,” said the NATO chief, who termed NATO as a defensive alliance that does not seek conflict with Russia.

The second round of peace talks between Russia and Ukraine could take place on Wednesday, the TASS news agency reported Tuesday citing sources.

The first round of the negotiations, which lasted about five hours, concluded on Monday in Belarus’ Gomel region, with no clear breakthrough.

For his part, Johnson said that he wanted to be “crystal clear” that “we will not fight Russian forces in Ukraine” and “our reinforcements, like the reinforcements here in Tapa, are firmly within the borders of NATO members.”

On the number of reinforced troops, the British prime minister said “we will always keep things under review.” He also termed the “no-fly zone” on Russian aircraft over Ukraine as a very big step that “simply is not on the agenda of any NATO country.”
More than 900 members of the Royal Welsh infantry regiment of the British Army and nearly 200 Danish troops together with their vehicles and equipment will be joining NATO Battlegroup Estonia at Tapa Army Base, the Estonian Public Broadcasting reported on Tuesday.

Estonian President Alar Karis met with Stoltenberg at Tallinn airport earlier on the day.
Stoltenberg also made a trip to Poland with a visit to Lask airbase on Tuesday.

Photo(1) Secretary-General of the North Atlantic Treaty Organization (NATO) Jens Stoltenberg speaks during a press conference at NATO headquarters in Brussels, Belgium, Feb. 24, 2022. (Xinhua/Zheng Huansong)
Photo(2) A local resident stands near a damaged house in Donetsk, Feb. 28, 2022. (Photo by Victor/Xinhua)