Connect with us

International Organizations

ယူကရိန်း တင်းမာမှုများ ဖြစ်နေချိန်တွင် ရုရှားနိုင်ငံက ပင်လယ်နက်၌ အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြခဲ့သည့် စစ်သင်္ဘောတစ်စီးအား တွေ့ရစဉ်(ဓာတ်ပုံ - Russian Defense Ministry)

မော်စကို ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရုရှားစစ်သင်္ဘော နှင့် ထောက်ပို့သင်္ဘော အစီး ၂၀ ကျော်သည် ပင်လယ်နက်အတွင်း လေ့ကျင့်ရေးပြုလုပ်ရန်အတွက် ၎င်းတို့၏ အခြေစိုက်စခန်းများမှ ထွက်ခွာသွားခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဖရီးဂိတ်များ ၊ ကင်းလှည့်သင်္ဘောများ ၊ ဒုံးကျည်ပစ်သင်္ဘောများ ၊ ကမ်းတက်သင်္ဘောများ ၊ ရေငုတ်သင်္ဘောတိုက်ဖျက်ရေး သင်္ဘောများ နှင့် မိုင်းရှင်းသင်္ဘောများ ပါဝင်သည့် စစ်သင်္ဘောအုပ်စုသည် သတ်မှတ်ထားသည့် ဧရိယာများသို့ ရွက်လွှင့်သွားလာနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများသို့ သွားရောက်သည့် လမ်းကြောင်းပေါ်တွင် ရုရှားသင်္ဘောများသည် ယင်းဧရိယာများတွင် လေကြောင်းရန်ကာကွယ်ရေး ၊ နှံ့နှံ့စပ်စပ်မောင်းနှင်သွားလာခြင်းဖြင့် ဘေးကင်းလုံခြုံသည့် စစ်ရေးလေ့ကျင့်ခန်း များ ၊ ဆက်သွယ်မှုများအား လေ့ကျင့်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ဇန်နဝါရီ ၂၄ ရက်တွင် အခြား ရုရှားစစ်သင်္ဘော နှင့် ထောက်ပို့သင်္ဘော အစီး ၂၀ သည် ဘောလ်တစ်ပင်လယ်၌ ရေငုတ်သင်္ဘော တိုက်ဖျက်ရေး ၊ လေကြောင်းရန်ကာကွယ်ရေး နှင့် မိုင်းဗုံးရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်မည့် အကြီးစားစစ်ရေးလေ့ကျင့်မှုများအား စတင်ခဲ့ကြောင်း သီးခြားထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် ယူကရိန်းနိုင်ငံအတွင်း နှင့် ပတ်ဝန်းကျင်တွင် တင်းမာမှုများ မြင့်တက်လာသောကြောင့် မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO)က တပ်ဖွဲ့ဝင်များအား အသင့်အနေအထား ထားရှိပြီး အရှေ့ဥရောပသို့ သင်္ဘောများ နှင့် တိုက်လေယာဉ်များ ထပ်တိုးစေလွှတ်နေသည့် အချိန်အတွင်းမှာပင် တစ်ပြိုင်တည်း ဖြစ်ပေါ်လာကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Russia conducts large-scale drills in Black Sea amid Ukraine tensions
MOSCOW, Jan. 26 (Xinhua) — More than 20 Russian warships and supporting vessels had left their bases for exercises in the Black Sea, Russia’s Defense Ministry said Wednesday.
The naval group, which consists of frigates, patrol ships, missile ships, landing ships, anti-submarine ships and minesweepers, was sailing towards the designated areas, the defense ministry said in a statement.
On the way to the drills, the Russian vessels will practice communications, safe maneuvers in areas with intensive navigation, and air defense, it added.
On Monday, another 20 Russian warships and supporting vessels started large-scale drills in the Baltic Sea to carry out anti-submarine, air defense and mine-sweeping tasks, according to another statement.
These drills came as the North Atlantic Treaty Organization was putting forces on standby and sending additional ships and fighter jets to Eastern Europe as tensions in and around Ukraine had escalated. ■
Photo – Russian Defense Ministry press release