Connect with us

China

ယူနန်ပြည်နယ်တွင် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း နိုင်ငံခြားကုန်သွယ်မှု မြင့်တက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Dehong ရှိ တရုတ် (ယူနန်) Dehong ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်ရှိ မော်တော်ဆိုင်ကယ်စက်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် ယခုနှစ် ပထမရှစ်လတွင် ကုန်သွယ်ရေး တိုးတက်မှု အားကောင်းခဲ့ကြောင်း သိရသည်။

ယူနန်ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းသည် ဇန်နဝါရီလမှ ဩဂုတ်လအထိ ယွမ် ၁၉၉.၀၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀.၈ ဘီလီယံခန့်) ရှိခဲ့ရာ နှစ်အလိုက်တိုးတက်မှု ၅၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကူမင်း အကောက်ခွန်ဌာနက ပြောခဲ့သည်။

ယူနန်ပြည်နယ်၏ ပို့ကုန်သည်လည်း နှစ်အလိုက်တိုးတက်မှု ၈၂.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယွမ် ၁၀၆.၀၆ ဘီလီယံရှိခဲ့ကြောင်း၊ သွင်းကုန်မှာမူ ၂၆.၅ ရာခိုင်နှုန်းနှင့် ယွမ် ၉၃.၀၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှစ်လတာကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ယူနန်ပြည်နယ်၏ အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်အဖြစ် ဆက်လက်ရှိနေပြီး ကုန်သွယ်မှုအနေဖြင့် နှစ်အလိုက်တိုးတက်မှု၂၄.၅ ရာခိုင်နှုန်း၊ ယွမ် ၈၂.၄၅ ဘီလီယံ မြင့်တက်ခဲ့ကြောင်း အေဂျင်စီက ဆိုသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်တွင် ပါဝင်သော နိုင်ငံနှင့် ဒေသများနှင့် ကုန်သွယ်ရေး၊ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေး (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်ရေးမှာ ၂၄.၉ ရာခိုင်နှုန်းနှင့် ၃၀.၇ ရာခိုင်နှုန်း အသီးအသီး မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Yunnan sees foreign trade up 51 pct in Jan-Aug
Source: Xinhua| 2021-09-21 10:01:25|Editor: huaxia
KUNMING, Sept. 21 (Xinhua) — Southwest China’s Yunnan Province reported strong trade growth in the first eight months of this year.
Yunnan’s foreign trade totaled 199.08 billion yuan (about 30.8 billion U.S. dollars) from January to August, up 51.1 percent from a year ago, said Kunming Customs.
The province’s exports rose 82.1 percent year on year to 106.06 billion yuan, while imports gained 26.5 percent to 93.02 billion yuan.
The Association of Southeast Asian Nations (ASEAN) remained Yunnan’s largest trading partner during the eight months, with trade growing 24.5 percent year on year to 82.45 billion yuan, the agency said.
Trade with countries and regions participating in the Belt and Road Initiative, and the Regional Comprehensive Economic Partnership (RCEP) member countries, grew by 24.9 percent and 30.7 percent, respectively. Enditem
Photo : Motorbikes are seen at a motorbike factory in China (Yunnan) Pilot Free Trade Zone Dehong Area in Dehong, southwest China’s Yunnan Province, Nov. 4, 2019. (Xinhua/Jiang Wenyao)