Connect with us

International Organizations

ရီယိုဒီဂျနေးရိုးတွင် COVID-19 ရောဂါမြင့်တက်လာခြင်းကြောင့် လမ်းမပေါ်၌ ကာနီဗယ်ပွဲတော်များ ပယ်ဖျက်ထား

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့တွင် ကာနီဗယ်ပွဲတော်၌ ပါဝင်ဆင်နွှဲနေသော “Barroca Zona Sul” samba စာသင်ကျောင်းမှ အဖွဲ့ဝင်များအား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၏ ထိပ်တန်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လေ့ရှိသော ရီယိုဒီဂျနေးရိုးမြို့သည် COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် ယင်းမြို့၏ ဓလေ့ရိုးရာ ကာနီဗယ်ပွဲတော် လမ်းမပေါ်ချီတက်ခြင်းများကို ပယ်ဖျက်လိုက်ကြောင်း ဇန်နဝါရီ ၄ ရက်က ကြေညာခဲ့သည်။

လူမှုမီဒီယာပလက်ဖောင်းများပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုများ၌ မြို့တော်ဝန် Eduardo Paes က နှစ်စဉ်ပြုလုပ်နေကျ ပွဲတော်များအတွင်း လူထုအား ဖျော်ဖြေသည့် “blocos” သို့မဟုတ် အနီးဝန်းကျင်ရှိ လမ်းနံဘေးတီးဝိုင်းများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“blocos ရဲ့ ကိုယ်စားလှယ်တွေကလည်း အကြောင်းကြားလာပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ ကျွန်တော်တို့ဟာ ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့သလို လမ်းမပေါ် ကာနီဗယ်ချီတက်ပွဲကို ကျင်းပနိုင်မှာမဟုတ်ဘူး” ဟု Paes က ပြောကြားခဲ့သည်။

ယခုနှစ်၏ ကာနီဗယ်ပွဲတော်အား ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ ၂ ရက်အထိ ပြုလုပ်ရန်နှင့် blocos ၅၀၀ ကျော်ကလည်း တင်ဆက်ဖျော်ဖြေရန် စီစဉ်ထားခြင်း ဖြစ်သည်။

ရီယို ကာနီဗယ်ပွဲတော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး လေဟာပြင်ပါတီတစ်ခုဖြစ်ပြီး ပရိသတ် ၆၀,၀၀၀ ခန့်ဆံ့သော Sambadrome တွင် အဓိက ပွဲမကျင်းပမီ ရက်ပေါင်းများစွာအတွင်း နှစ်စဉ် blocos ၏ လမ်းနံဘေးတေးဂီတအား ခံစားနားထောင်ရန် လာရောက်ကြသည့် လူသန်းပေါင်းများစွာကို ဆွဲဆောင်ထားကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Rio de Janeiro cancels carnival street parades due to COVID-19 increase
2022-01-05 12:41:27
RIO DE JANEIRO, Jan. 4 (Xinhua) — Rio de Janeiro, Brazil’s top tourism destination, on Tuesday announced the cancelation of the city’s traditional carnival-time street parades due to surging COVID-19 cases.
In a live broadcast on social media platforms, Mayor Eduardo Paes said the decision was made after meeting with representatives of the city’s carnival “blocos,” or neighborhood street bands, that perform for the crowds during the annual celebrations.
“The representatives of the blocos were informed that, unfortunately, we will not be able to hold a street carnival like the one held in 2020,” said Paes, citing a spike in COVID-19 cases.
This year’s carnival was due to take place from Feb. 25 to March 2, with more than 500 blocos planning to give performance.
The Rio Carnival is considered the largest open-air party in the world, drawing millions of people every year who come to enjoy the street music of the blocos over several days before the main event at the Sambadrome, which can seat about 60,000 spectators. Enditem

Photo : Members of the samba school “Barroca Zona Sul” take part in the carnival parade in Sao Paulo, Brazil, Feb. 21, 2020. (Photo by Rahel Patrasso/Xinhua)