Connect with us

International Organizations

ရုရှားနိုင်ငံက နျူကလီးယားရေငုပ်သင်္ဘောမှ Tsirkon အသံထက်မြန်သောဒုံးကျည် စမ်းသပ်ပစ်လွှတ်

ရုရှားနျူကလီးယားရေငုပ်သင်္ဘော Yuri Dolgoruky မှ Bulava ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ၂၀၁၈ ခုနှစ် မေလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် Tsirkon အသံထက်မြန်သော ဟိုက်ပါစွန်နစ်ဒုံးကျည်အား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောမှ ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မြောက်ပိုင်း ရေတပ်သင်္ဘောအုပ်စု၏ Severodvinsk နျူကလီးယားရေငုပ်သင်္ဘောမှ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်သည် Barents ပင်လယ်အတွင်းရှိ ပစ်မှတ်အား ထိမှန်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်း၏ တိကျမှန်ကန်မှု နှင့် ရောက်ရှိအကွာအဝေး တိုးတက်စေရေး ရည်ရွယ်ချက်နှင့်အတူ ဒုံးကျည်စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Tsirkon ဒုံးကျည်အား ရုရှား Admiral Gorshkov ဖရီးဂိတ်စစ်သင်္ဘောမှ အကြိမ်ပေါင်းများစွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Russia test-fires Tsirkon hypersonic missile from nuclear submarine
MOSCOW, Oct. 4 (Xinhua) — Russia has successfully test-launched its Tsirkon hypersonic missile from a nuclear-powered submarine for the first time, the Defense Ministry said Monday.
The missile fired from the Severodvinsk nuclear submarine of the Russian Northern Fleet hit a target in the Barents Sea, the ministry said in a statement.
Missile tests will continue in the future with the aim of improving its accuracy and range, it added.
The Tsirkon missile was test-fired several times from Russia’s Admiral Gorshkov frigate. Enditem
Photo – In this photo made from the footage released by the Russian Defense Ministry, Russian nuclear submarine Yuri Dolgoruky test-fires the Bulava missiles from the White Sea on May 22, 2018.