Connect with us

Europe

ရုရှားနိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် အက်စ်တိုးနီးယားသံတမန်အား နှင်ထုတ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအား ဧပြီလက တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးအခန်းကဏ္ဍတွင် ထိတွေ့လုပ်ဆောင်မှုများရှိခဲ့ခြင်းကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အက်စ်တိုးနီးယားနိုင်ငံသံတမန်တစ်ဦးအား မကြိုဆိုထိုက်သူ“ persona non grata” အဖြစ်ကြေညာ၍ နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း သိရသည်။ရုရှားနိုင်ငံဆိုင်ရာ အက်စ်တိုးနီးယားနိုင်ငံ သံအမတ် Margus Laidre အား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်၍ မော်စကိုမြို့ရှိ အက်စ်တိုးနီးယားနိုင်ငံသံရုံးမှ သံအမှုထမ်းတစ်ဦးကို တစ်ပတ်အတွင်း ရုရှားနိုင်ငံမှ ထွက်ခွာသွားရန် အသိပေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဆုံးဖြတ်ချက်သည် ဇူလိုင် ၁၅ ရက်တွင် အက်စ်တိုးနီးယားနိုင်ငံက ရုရှားသံတမန်တစ်ဦးအား နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့် လုပ်ရပ်ဖြစ်ကြောင်း သိရသည်။
“ ဆိုးဝါးနေပြီးသား အခြေအနေကို ရှေ့ဆက်ပိုပြီးရှုပ်ထွေးမှုမဖြစ်ရလေအောင် ကျွန်တော်တို့ရဲ့ အက်စ်တိုးနီးယားလုပ်ဖော်ကိုင်ဖက်တွေကို ရပ်တံ့ပေးဖို့ တောင်းဆိုထားပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိန့်ပီတာဘတ်မြို့ရှိ အက်စ်တိုးနီးယား ကောင်စစ်ဝန် Mart Latte သည် ရုရှားနိုင်ငံသားတစ်ဦးထံမှ သက်ဆိုင်သူသာ ကြည့်ရှုဖတ်ခွင့်ရှိသည် စာရွက်စာတမ်းများနှင့်အတူ လက်ပူးလက်ကြပ် အဖမ်းခံရပြီးနောက်တွင် ၎င်းအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၇ ရက်တွင် “သံတမန်အဖြစ်မကြိုဆိုထိုက်သူ”အဖြစ် ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းအချင်းအရာက ရုရှားသံတမန်တစ်ဦးအား ဇူလိုင် ၁၅ ရက်တွင် အက်စ်တိုးနီးယားက နှင်ထုတ်သည်အထိ နောက်ဆက်တွဲ ဖြစ်စေခဲ့ရသည်။ (Xinhua)

——————————————————–
(English Version)

Russia expels Estonian diplomat in retaliation

MOSCOW, Aug. 3 (Xinhua) — The Russian Foreign Ministry on Tuesday declared an Estonian diplomat “persona non grata” as the two countries are engaged in a diplomatic row.

Estonian Ambassador to Russia Margus Laidre was summoned to the Russian Foreign Ministry and was informed that a staffer of the Estonian Embassy in Moscow must leave the country within a week, the ministry said in a statement.

The decision was made in response to the expulsion of a Russian diplomat from Estonia on July 15.
“We ask our Estonian colleagues to stop, and not to further complicate the situation that has already aggravated,” it said.

The Russian Foreign Ministry declared Estonian Consul in St. Petersburg Mart Latte “persona non grata” on July 7 after he was “caught red-handed while receiving classified documents from a Russian citizen.” This led to the July 15 expulsion of the Russian diplomat. Enditem

Photo – Photo taken on April 16, 2021 shows the Ministry of Foreign Affairs of Russia in Moscow. (Xinhua/Evgeny Sinitsyn)