Connect with us

Europe

ရုရှားနိုင်ငံက အီးယူတာဝန်ရှိသူများအား နိုင်ငံအတွင်း ဝင်ရောက်ခွင့်တားမြစ်

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ Schuman ရင်ပြင်တွင် ခရစ္စမတ်ပွဲတော် အလှဆင်ထားမှုများမှတစ်ဆင့် ဥရောပကော်မရှင် ရုံးချုပ်အဆောက်အဦကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံအချို့မှ နောက်ထပ်တာဝန်ရှိသူများအား ရုရှားနိုင်ငံအပေါ် ဆန့်ကျင်သည့်အပြုအမူများကြောင့် နိုင်ငံအတွင်းဝင်ရောက်ခွင့်ကို တားမြစ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်၌ ကြေညာခဲ့သည်။

အဆိုပါ “ဥပဒေစိုးမိုးရေးအေဂျင်စီများ၊ ဥပဒေနှင့် အမှုဆောင်အာဏာပိုင် ကိုယ်စားလှယ်များ” သည် ရုရှားဘာသာစကားပြော ဒေသခံများနှင့် မီဒီယာများ၏ ဥပဒေဆိုင်ရာ အခွင့်အရေးများအပေါ် ချိုးဖောက်သည့် ရုရှားဆန့်ကျင်ရေး မူဝါဒများနှင့် ဆောင်ရွက်ချက်များအတွက် ပုဂ္ဂိုလ်ရေးအရ တာဝန်ရှိသူများဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မည်သူ သို့မဟုတ် မည်သည့်နိုင်ငံအား ရည်ရွယ်ထားသည်ကိုမူ ထုတ်ပြန်ချက်၌ အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

ပြည်ဝင်ခွင့်တားမြစ်ခြင်းသည် ကမ္ဘာ့ဒေသအရပ်ရပ်၌ လည်ပတ်နေသော ဥရောပ စစ်ဘက်ဆိုင်ရာကုမ္ပဏီအချို့၏ ခေါင်းဆောင်များကိုလည်း သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားပြီး အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ကန့်သတ်ထားချက်များနှင့်ပတ်သက်၍ အကြောင်းကြားစာကို မော်စကိုမြို့ရှိ အီးယူ ကိုယ်စားလှယ်များထံ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Russia bans more EU officials from entry
Source: Xinhua
Editor: huaxia
2022-01-29 03:46:45
MOSCOW, Jan. 28 (Xinhua) — The Russian Foreign Ministry announced on Friday that an additional number of officials from some European Union (EU) member states have been barred from entering Russia for their actions against Moscow.
These “representatives of law enforcement agencies, legislative and executive authorities” are personally responsible for promoting anti-Russian policies and measures that infringe on the legitimate rights of Russian-speaking residents and the media, the ministry said in a statement.
It did not specify who and what countries are targeted.
The entry ban also applies to the leaders of some European private military companies operating in various regions of the world, the statement added, without disclosing details.
The Russian Foreign Ministry has sent a note about the restrictions to the EU Delegation in Moscow. ■
Photo : The headquarters building of the European Commission is seen through Christmas decorations at Schuman Square in Brussels, Belgium, Dec. 8, 2020. (Xinhua/Zhang Cheng)