Connect with us

Europe

ရုရှားနိုင်ငံအရှေ့ဖျားစွန်း၌ စစ်လေယာဉ် ပျက်ကျမှု ဖြစ်ပွားကာ တပ်ဖွဲ့ဝင် ၆ ဦးလုံး သေဆုံး

မော်စကို ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ပျက်ကျသွားသည့် ရုရှားနိုင်ငံ An-26 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်တွင် လိုက်ပါသူ ၆ ဦးလုံး သေဆုံးသွားကြောင်း TASS သတင်းအေဂျင်စီက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။ရုရှားနိုင်ငံ အရှေ့ဖျားစွန်း Khabarovsk မြို့အနီးတွင် ကယ်ဆယ်ရေးသမားများက အစောပိုင်းတွင် လေယာဉ်မှ အပျက်အစီးများကို တွေ့ရှိစဉ် လေယာဉ်ပေါ်လိုက်ပါသွားသော အမှုထမ်းတစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း အရေးပေါ် အခြေအနေ ဝန်ကြီးဌာနမှ သတင်းအရင်းအမြစ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဒေသခံကယ်ဆယ်ရေးသမားများသည် လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာအနီးသို့ ယခုအခါ နီးကပ်လာပြီဖြစ်ကြောင်း နှင့် ၎င်းတို့သည် အသေးစိတ်အချက်အလက်များအား သိရှိစေရေးနှင့်အတူ လေပြင်းတိုက်ခတ်မှုများအတွင်း တည်နေရာအား ရှာဖွေရန် ကြိုးစားရာတွင် နာရီများစွာ ကြာမြင့်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Mikhail Degtyarev ၏ ပြောကြားချက်ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အဆိုပါလေယာဉ်သည် စက်တင်ဘာ ၂၂ ရက်တွင် Khabarovsk ဒေသရှိ စစ်တပ်လေဆိပ်တစ်ခုမှ အကွာအဝေး ၃၈ ကီလိုမီတာခန့်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ယင်းပျံသန်းမှုသည် မြေပြင်အခြေစိုက် ရေဒီယိုနည်းပညာပံ့ပိုးမှုအား စစ်ဆေးရန် အတွက်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————-
(English Version)

All 6 persons die following military plane crash in Russia’s Far East

MOSCOW, Sept. 23 (Xinhua) — All six people onboard a crashed Russian An-26 military transport aircraft died, the TASS news agency reported Thursday. According to a source from the emergencies ministry, none of the crew on board the aircraft survived, as debris from the plane was spotted earlier by rescuers near the city of Khabarovsk in Russia’s Far East.
Regional rescuers are currently approaching the crash site, and they have spent several hours in trying to find the location in strong winds, with further details to follow, TASS reported, citing Mikhail Degtyarev, the regional governor.
The plane lost contact some 38 km away from a military airport in the Khabarovsk Region on Wednesday. The flight was on a mission to check ground-based radio technical support. Enditem
Photo – This file photo taken on June 29, 2016 shows an An-26 transport plane in Yeysk, Russia. (Xinhua/Sputnik)