Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံလိုကြောင်း ယာယီ နိုင်ငံခြားရေးဝန်ကြီးပြော

ကဘူးလ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံလိုကြောင်း အသစ်ဖွဲ့စည်းလိုက်သော အာဖဂန်နစ္စတန် အစိုးရ၏ ယာယီနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။“အစ္စလာမ်မစ်စော်ဘွားနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံများအပါအဝင် ရှိနှင့်ပြီးသား နိုင်ငံများအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွား ဆက်ဆံလိုပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ သတင်းစကားဖြစ်ပါတယ်” ဟု ယာယီ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးအား မိတ်ဆက်ခြင်း အခမ်းအနား၌ ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi က မိန့်ခွန်းပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ယာယီ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး Nurudin Azizi အား မိတ်ဆက်ခြင်းအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည်ကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မျှ ဆန့်ကျင်သွားမည်မဟုတ်ကြောင်းနှင့် အစိုးရသစ်အနေဖြင့်လည်း အာဖဂန်မြေအား မည်သူတစ်ဦးတစ်ယောက်ကမျှ အသုံးပြုခြင်းကိုလည်း ခွင့်ပြုသွားမည်မဟုတ်ကြောင်း Muttaqi က ပြောခဲ့သည်။

“ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ အာဖဂန်နစ္စတန်ဟာ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနဲ့ ကမ္ဘာကြီးရဲ့ အကျိုးစီးပွားအတွက် ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ သို့ရာတွင် အာဖဂန်နစ္စတန်နိုင်ငံအပေါ် ဖိအားပေးခြင်းက မည်သူ့အတွက်မှ အကျိုးရှိမည်မဟုတ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ယာယီ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး Nurudin Azizi အား မိတ်ဆက်ခြင်းအခမ်းအနား၌ တက်ရောက်လာသူများကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဩဂုတ် ၁၅ ရက်က ကဘူးလ်မြို့အား သိမ်းယူပြီးနောက် တာလီဘန်က အိမ်စောင့်အစိုးရတစ်ရပ်ကို စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။

အာဖဂန်ပြည်သူများအနေဖြင့် စိတ်စေတနာကောင်းကောင်း၊ ညီရင်းအစ်ကိုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုဖြင့် စီးပွားရေးအပါအဝင် နိုင်ငံအား စည်းစည်းလုံးလုံးနှင့် ပြန်လည်တည်ဆောက်ရန် Muttaqi က တိုက်တွန်းခဲ့သည်။

ယာယီ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး Nurudin Azizi ကလည်း နိုင်ငံများနှင့် ကုန်သွယ်ရေးဆက်ဆံမှု မြှင့်တင်ခြင်းနှင့် စီးပွားရေးတည်ငြိမ်ခြင်း ဆောင်ရွက်ရာတွင် တတ်စွမ်းသမျှ ကြိုးပမ်းအားထုတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

“ဆက်စပ်တဲ့ အဖွဲ့များ၊ စီးပွားရေးပညာရှင်များနဲ့ စီးပွားသမားများနဲ့အတူ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံ၏စီးပွားရေးတည်ငြိမ်စေဖို့ ၊ ဆင်းရဲနွမ်းပါးမှုလျော့ပါးစေဖို့နဲ့ ကိုယ်ပိုင်ပြည့်စုံသော အာဖဂန်နစ္စတန်နိုင်ငံ တည်ဆောက်ဖို့ ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု Azizi က ပြောခဲ့သည်။ (Xinhua)

…………………………
(English Version)

Afghanistan wants friendly relations with international community: acting FM

KABUL, Sept. 23 (Xinhua) — The acting foreign minister of the newly-formed administration of Afghanistan said here Thursday that Afghanistan wants to have friendly relations with the international community, including the neighboring and regional countries.

“The Islamic Emirate wants to have friendly relations with the international community and co-exist with all the nations including the neighboring states. This is our message,” Amir Khan Muttaqi said in his address at a ceremony to introduce the acting minister of commerce and industries.

Muttaqi also said that Afghanistan will not be used against any country and the new administration will not allow anyone to use Afghan soil against anyone.
“A peaceful and stable Afghanistan is for the benefit of the neighboring states, the region and the world at large,” he said, however, noting that exerting pressure on Afghanistan will not benefit anyone.
After taking over Kabul on Aug. 15, the Taliban announced a caretaker government on Sept. 7.

Muttaqi also called on Afghans to get united and rebuild the country including its economy with goodwill, brotherhood and unity.
Speaking on the occasion, acting Minister of Commerce and Industries Nurudin Azizi vowed to spare no effort in boosting trade relations with the countries and stabilizing economy.
“In consultations and cooperation with concerned entities, economic experts and businessmen would do our best to stabilize the country’s economy, alleviate poverty and build a self-sufficient Afghanistan,” said Azizi. Enditem

Photo 1 : Amir Khan Muttaqi, the acting foreign minister of the newly-formed administration of Afghanistan, speaks during a ceremony to introduce the acting minister of commerce and industries in Kabul, capital of Afghanistan, on Sept. 23, 2021. Muttaqi said here Thursday that Afghanistan wants to have friendly relations with the international community, including the neighboring and regional countries. (Photo by Saifurahman Safi/Xinhua)

2- The acting Minister of Commerce and Industries Nurudin Azizi speaks during his introduction ceremony in Kabul, capital of Afghanistan, on Sept. 23, 2021. Azizi vowed to spare no effort in boosting trade relations with the international community, including the neighboring and regional countries, and stabilizing economy. (Photo by Saifurahman Safi/Xinhua)
3- People attend a ceremony to introduce the acting minister of commerce and industries in Kabul, capital of Afghanistan, on Sept. 23, 2021. Acting Minister of Commerce and Industries Nurudin Azizi vowed to spare no effort in boosting trade relations with the international community, including the neighboring and regional countries, and stabilizing economy. (Photo by Saifurahman Safi/Xinhua)