Connect with us

International Organizations

ရုရှားနိုင်ငံ၌ လေယာဉ်ပျက်ကျမှုဖြစ်ပွားရာ လူ ၁၆ ဦး သေဆုံး

ရုရှားနိုင်ငံ တာတာစတန်ဒေသ၌ အောက်တိုဘာ ၁၀ ရက်တွင် ပျက်ကျသွားသည့် လေယာဉ်အနီးတစ်ဝိုက် ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

မော်စကို ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံ တာတာစတန်ဒေသ၌ အောက်တိုဘာ ၁၀ ရက်တွင် L-410 လေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၆ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၆ ဦး ရှိကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အစောပိုင်းဖော်ပြမှုတွင် လေယာဉ်ပေါ်တွင် လူ ၂၃ ဦး လိုက်ပါသွားပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
လေထီးခုန်သမား ၂၀ ဦး နှင့် လေယာဉ်အမှုထမ်း နှစ်ဦး လိုက်ပါသည့် လေယာဉ်သည် ဒေသတွင်းလေဆိပ်တစ်ခုမှ ပျံတက်ပြီးနောက် ချက်ချင်း ပျက်ကျသွားခဲ့သည်။ လေယာဉ်မှူး နှစ်ဦးလုံး သေဆုံးခဲ့ပြီး အသက်ရှင်လွတ်မြောက်သူများသည် အပြင်းအထန်ဒဏ်ရာများဖြင့် ဆေးရုံ၌ ကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
L-410 လေယာဉ်သည် အင်ဂျင်နှစ်လုံးတပ် အပေါ့စားလေယာဉ်အမျိုးအစားဖြစ်ပြီး ခရီးသည် ၁၉ ဦးထိ သယ်ဆောင်နိုင်သည်။ယင်းကို ၁၉၈၇ ခုနှစ်မှစ၍ အသုံးပြုခဲ့ကြောင်း သိရသည်။
ဝန်ပိုတင်ခြင်း ၊ နည်းပညာ ချို့ယွင်းခြင်း သို့မဟုတ် လေယာဉ်အမှုထမ်းအမှားများက ပျက်ကျမှုဖြစ်ရပ်ဆိုး ပေါ်ပေါက်စေသော အကြောင်းအရင်းများ ဖြစ်နိုင်ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ (Xinhua)
————————————
(English Version)
16 killed in Russian plane crash
MOSCOW, Oct. 10 (Xinhua) — Sixteen people were killed and six others injured after an L-410 aircraft crashed in Russia’s Tatarstan on Sunday, TASS news agency reported.
Earlier reports said that seven were wounded and there were 23 people on board.
The plane carrying two crew members and 20 parachutists crashed immediately after takeoff from a local airport. Both pilots were killed and the survived have been hospitalized in serious condition.
The L-410 is a twin-engine light aircraft that can carry up to 19 passengers. It has been in operation since 1987.
Overloading, technical malfunction or crew errors could be the cause of the tragedy, TASS said. Enditem