Connect with us

North America

ရုရှားနိုင်ငံ၌ အရက်တုသောက်မိ၍ လူ ၃၂ ဦးသေဆုံး

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဈေးဝယ်စင်တာတစ်ခု၌ ရောင်းချထားသော အရက်ပုလင်းများအား ဈေးဝယ်နှစ်ဦးက ကြည့်ရှုနေသည်ကို ၂၀၀၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံ Orenburg ဒေသတွင် ပြီးခဲ့သောရက်သတ္တပတ်အစောပိုင်းအတွင်း အရက်တုသောက်သုံးမိရာမှ စုစုပေါင်း လူ ၆၄ ဦး အဆိပ်သင့်ခဲ့ကြောင်း နှင့် ၎င်းတို့အနက် ၃၂ ဦးသေဆုံးသွားကြောင်း TASS သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

အရက်အဆိပ်သင့်ခဲ့သူများထဲမှ ၂၅ ဦးကို ဆေးရုံတင် ကုသမှုပေးထားပြီး အခြား လူ ၇ ဦးကို ပြင်ပ လူနာအဖြစ် ကုသမှုပေးထားကြောင်း သိရသည်။
အဆိုပါ အရက်တုသောက်မိသူများ၏ ခန္ဓာကိုယ် သွေးထဲတွင် မီသနော်(Methanol) ဓာတ်တွေ့ရှိခဲ့ရပြီး ၊ အချို့လူများတွင် ပုံမှန်ရှိရမည့် ပမာဏထက် ၃ ဆမှ ၅ ဆအထိ မီသနော် မြင့်မားစွာ ရှိနေကြောင်း သိရသည်။
ယခုအခါ အရက်တုရောင်းချမှုဖြင့် သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့သည် Orenburg ဒေသမြို့တော် Orsk ၌ အရက်တုပုလင်း အလုံးပေါင်း ၁,၂၇၉ လုံးကို သိုလှောင်သိမ်းဆည်းထားသည့် သိုလှောင်ရုံတစ်ခု နှင့် ထုတ်လုပ်ရေး စက်ရုံတစ်ခု ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ပြင် အချိန် နှစ်ရက်ကြာ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးမှု ပြုလုပ်စဉ်အတွင်း Orenburg ဒေသရှိ ခရိုင် ၁၁ ခု၌ တရားမဝင် အရက်ပုလင်း အလုံးပေါင်း ၈၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။
ရုရှားနိုင်ငံ၌ အရက်တုတိုက်ဖျက်ရေးကို ကရင်မလင်နန်းတော်က ကြိုးပမ်းလုပ်ဆောင်နေလင့်ကစား သောက်သုံးသူအား အဆိပ်အတောက်ဖြစ်စေသည့် အရက်တုထုတ်လုပ်မှု ပြဿနာသည် နိုင်ငံအတွင်း ကာလရှည်ကြာစွာအမြစ်တွယ်နေခဲ့သည်။ လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ရုရှားနိုင်ငံ Irkutsk ဒေသတွင် အရက်တုသောက်သုံးမိ၍ လူပေါင်း ၇၀ ကျော်သေဆုံးခဲ့ရဖူးကြောင်း သိရသည်။(Xinhua)

———————————-
(English Version)
32 killed by surrogate alcohol in Russia

MOSCOW, Oct. 10 (Xinhua) — A total of 64 people were poisoned by surrogate alcohol in Russia’s Orenburg region earlier this week and 32 of them died, TASS news agency reported Sunday.
Of the victims 25 have been hospitalized and seven others are receiving outpatient treatment.
Methanol was found in the blood of the poisoned and in some cases its concentration was three to five times higher than the lethal dose.
So far 10 suspects have been detained for selling fake alcoholic beverages.
Local police found a warehouse and a production facility in Orenburg’s Orsk city, where 1,279 bottles of surrogate alcohol were seized. About 800 bottles of illegal alcohol were seized in 11 districts of the Orenburg region during two days of mass checks.
The problem of counterfeit alcohol poisoning has long plagued the country, despite the Kremlin’s campaign against surrogate alcohol. In December 2016, over 70 people were killed in Russia’s Irkutsk after drinking fake alcoholic beverages.

Two customers choose wine in a superstore in Moscow, capital of Russia, Oct. 31, 2006. (Xinhua Photo/Shen Bohan