Connect with us

Europe

ရုရှားနိုင်ငံ လုံခြုံရေးအကြီးအကဲ နှင့် CIA ညွှန်ကြားရေးမှူးတို့ မော်စကိုမြို့၌ တွေ့ဆုံ

မော်စကို ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev သည် အမေရိကန်နိုင်ငံ ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) ညွှန်ကြားရေးမှူး William Burns နှင့် မော်စကိုမြို့၌ နိုဝင်ဘာ ၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။၎င်းတို့နှစ်ဦးသည် ရုရှား-အမေရိကန် ဆက်ဆံရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု တွေ့ဆုံမှုအပြီး ရုရှားလုံခြုံရေးကောင်စီ၏ အင်တာနက် ဝက်ဆိုဒ်စာမျက်နှာပေါ်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

ယခုနှစ် မတ်လတွင် CIA အကြီးအကဲအဖြစ် အတည်ပြုခြင်းခံထားရသည့် CIA ညွှန်ကြားရေးမှူး William Burns ၏ မော်စကိုမြို့သို့ သွားရောက်ခဲ့သည့် ယခုခရီးစဉ်သည်

ရာထူးသစ်တွင် တာဝန်ထမ်းဆောင်ပြီးနောက် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev နှင့် ပထမဆုံး တွေ့ဆုံမှုဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)

Russia’s security chief, CIA director meet in Moscow

MOSCOW, Nov. 2 (Xinhua) — Russian Security Council Secretary Nikolai Patrushev met with Central Intelligence Agency (CIA) Director William Burns in Moscow Tuesday.
“The parties discussed Russian-American relations,” according to a statement published on the security council’s website following the meeting.

Burns was confirmed as CIA head in March this year, making this visit to Moscow his first meeting with Patrushev in the new role. Enditem
Photo – National flags of Russia and the United States fly at Vnukovo International Airport in Moscow, Russia April 11, 2017. (Xinhua/REUTERS)