Connect with us

Europe

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း၌ တိုက်လေယာဉ်ပျက်ကျကာ လေယာဉ်မှူး သေဆုံး

မော်စကို ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ)

ရုရှား MiG-29 တိုက်လေယာဉ်တစ်စင်းသည် ဩဂုတ် ၁၈ ရက်က နိုင်ငံအနောက်တောင်ပိုင်း Astrakhan ဒေသ၌ ပုံမှန် ပျံသန်းမှုပြုလုပ်စဉ် ပျက်ကျသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။“ဩဂုတ် ၁၈ ရက်က Astrakhan ဒေသမှာ ပျံသန်းမှုအစီအစဉ်တစ်ခုအတွင်း ပျက်ကျသွားတာပါ။လေယာဉ်က Ashuluk တောင်ရိုးတန်းတစ်လျှောက် လူသူကင်းမဲ့တဲ့ ကန္တာရ နေရာတစ်ခုမှာ ပျက်ကျသွားပါတယ်။”ဟု ရုရှားနိုင်ငံ တောင်ပိုင်းတိုင်းစစ်ဌာချုပ်၏ ပြောကြားချက်ကို ကိုးကား၍ Sputnik က ဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်သည် လက်နက်ခဲယမ်းမပါဘဲ ပျံသန်းခဲ့ခြင်း ဖြစ်ပြီး လေယာဉ်မှူးသေဆုံးသွားကြောင်း ဖော်ပြထားသည်။ ပျက်ကျမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းဖော်ထုတ်ရန် အခင်းဖြစ်နေရာသို့ လေကြောင်းပျံသန်းမှုတပ်ဖွဲ့၏ အဆင့်မြင့်တပ်ရင်းတပ်ဖွဲ့မှ ကော်မရှင်တစ်ခုက သွားရောက်ခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။ (Xinhua)

————————————————–
(English Version)

Fighter jet crash kills pilot in southwestern Russia

MOSCOW, Aug. 18 (Xinhua) — A Russian MiG-29 jet fighter crashed on Wednesday during a scheduled flight in the southwestern Astrakhan Region, local media reported.

“On August 18, 2021, a MiG-29 plane crashed during a planned flight in the Astrakhan Region. The plane crashed in a deserted place on the territory of the Ashuluk range,” Sputnik reported, citing Russia’s Southern Military District.

The flight was carried out without ammunition and the pilot died, it said.A commission of the High Command of the Aerospace Forces was sent to the site of the crash to establish the causes of the accident, it added. Enditem

Photo – MiG-29 fighter jets of the Swifts aerobatic team and Su-30SM fighter jets of the Knights aerobatic team fly over Moscow during the rehearsal of the Victory Day air parade on June 20, 2020. Russia is preparing for a military parade on June 24 to mark the 75th anniversary of the Soviet victory against the Nazis in World War II. (Xinhua/Bai Xueqi)