Connect with us

Europe

ရုရှားသမ္မတ ပူတင် နှင့် CIA ညွှန်ကြားရေးမှူးတို့ နှစ်နိုင်ငံဆက်ဆံရေး ၊ ဆိုင်ဘာလုံခြုံရေးတို့အပေါ် ဖုန်းဖြင့် ဆွေးနွေး

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား Vladivostok မြို့၌ စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် အရှေ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-Kremlin Photo)

မော်စကို ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) ညွှန်ကြားရေးမှူး William Burns နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် အခြားကိစ္စရပ်များရပ်များအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြားကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

နှစ်ဘက်လုံးက နှစ်နိုင်ငံဆက်ဆံရေး ၊ သံတမန်ဆက်ဆံရေးတွင် အကြပ်အတည်းအခြေအနေကို ခြုံငုံ၍ ဒေသတွင်းပဋိပက္ခများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Peskov ၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာတွင် ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ပူတင် နှင့် CIA ညွှန်ကြားရေးမှူး Burns တို့သည် ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) ညွှန်ကြားရေးမှူး William Burns သည် ရုရှားနိုင်ငံ မြို့တော် မော်စကိုမြို့သို့ အလုပ်ခရီးစဉ် လာရောက်စဉ်အတွင်း နိုဝင်ဘာ ၂ ရက်က ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Sergei Naryshkin နှင့် တွေ့ဆုံခဲ့သည်။

ထိုနေ့မှာပင် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev သည် ရုရှား-အမေရိကန် ဆက်ဆံရေးများအား ဆွေးနွေးရန် CIA ညွှန်ကြားရေးမှူး Burns နှင့် မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

————————–
(English Version)
Putin, CIA director discuss bilateral ties, cybersecurity over phone
MOSCOW, Nov. 8 (Xinhua) — Russian President Vladimir Putin discussed bilateral ties and cybersecurity among other issues with Central Intelligence Agency Director William Burns in a telephone conversation, Kremlin Spokesman Dmitry Peskov said Monday.
“Both sides covered bilateral relations, the crisis situation in diplomatic relations, and exchanged views on regional conflicts,” media reported, citing Peskov.
Peskov said Putin and Burns also addressed cybersecurity issues.
Burns met Russian Foreign Intelligence Service Director Sergei Naryshkin in Moscow on Tuesday during his working visit to the Russian capital.
Also on Tuesday, Russian Security Council Secretary Nikolai Patrushev held talks with Burns in Moscow to “discuss Russian-American relations.” Enditem
Photo – Russian President Vladimir Putin speaks at the plenary session of the sixth Eastern Economic Forum in Vladivostok, Russia, Sept. 3, 2021. (Kremlin Photo)