Connect with us

China

ရှန်ဟိုင်းမြို့တွင် တိုင်ဖွန်းမုန်တိုင်း ရင်ဆိုင်နေရသဖြင့် လူပေါင်း ၃၃၀,၀၀၀ နီးပါးအား ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ Huangpu ခရိုင်ရှိ မူလတန်းကျောင်း ပန်းအိုးများသယ်ဆောင်လာသည့် ဝန်ထမ်းများအား စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ယခုနှစ်၏ ၁၄ လုံးမြောက် တိုက်ဖွန်းမုန်တိုင်းဖြစ်သော Chanthu ကြောင့် မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် လူပေါင်း ၃၃၀,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

Chanthu တိုင်ဖွန်းမုန်တိုင်းသည် အားလျော့ကာ စက်တင်ဘာ ၁၆ ရက်တွင် ရှန်ဟိုင်းမြို့မှ ရွေ့လျားမသွားမီ စက်တင်ဘာ ၁၃ ရက်ညပိုင်းမှ ၁၅ ရက်အထိ ယင်းမြို့၏အရှေ့ဘက် ကီလိုမီတာ ၁၀၀ နှင့် ၂၀၀ ကြား ပင်လယ်ရေပြင်အတွင်း ရစ်ဝဲနေမည်ဟု ခန့်မှန်းထားကြောင်း ရှန်ဟိုင်း မိုးလေဝသစင်တာက ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့၏ နေရာအတော်များများ၌ စက်တင်ဘာ ၁၃ ရက် ညပိုင်းမှ ၁၅ ရက်အထိ မိုးရေချိန် ၂၅၀ မီလီမီတာအထိ ရွာသွန်းမည်ဟု ခန့်မှန်းထားသည်။

ထို့ပြင် ဒေသခံအာဏာပိုင်များအနေဖြင့် တိုင်ဖွန်းမုန်တိုင်းအား ရင်ဆိုင်ရမည်ဖြစ်သဖြင့် ခရီးဝေးသွားဘတ်စ်ကား ၁၅၀ စီးအား ရပ်ဆိုင်းထားသလို သင်္ဘောနှင့် ရထားပို့ဆောင်ရေးဝန်ဆောင်မှု အချို့ကိုလည်း ဆိုင်းငံ့ထားကြောင်းနှင့် ကမ္ဘာလှည့်ခရီးသွားနေရာ ၁၁၂ ခုကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် အရှေ့ပိုင်းရှိ ပြည်နယ်မိုးလေဝသစင်တာက Chanthu တိုင်ဖွန်းမုန်တိုင်းအား စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက အဝါရောင်အဆင့်၊ သတိပေးချက် တတိယအမြင့်ဆုံးအဖြစ် ထုတ်ပြန်ထားကြောင်း သိရသည်။

ကျန်းဆူးပြည်နယ် နန်ထုံမြို့ရှိ ပညာရေးဆိုင်ရာ တာဝန်ရှိသူများကလည်း မူကြိုကျောင်းများ၊ မူလတန်းနှင့် အထက်တန်းကျောင်းများရှိ အတန်းများကို စက်တင်ဘာ ၁၄ ရက်၌ ယာယီပိတ်ထားကြောင်း ညွှန်ကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Nearly 330,000 evacuated as Shanghai braces for typhoon
Source: Xinhua| 2021-09-14 00:45:00|Editor: huaxia
SHANGHAI, Sept. 13 (Xinhua) — Nearly 330,000 people in Shanghai have been evacuated as the city braced for heavy rains and strong winds brought by Typhoon Chanthu, the 14th typhoon of the year.
Chanthu was forecast to linger over sea waters between 100 km and 200 km east of Shanghai from Monday night to Wednesday before weakening and moving northeastward away from the city on Thursday, said the Shanghai meteorological center.
Parts of Shanghai are forecast to receive precipitation of up to 250 mm from Monday night to Wednesday.
Local authorities also have canceled 150 long-distance buses, suspended some shipping and rail transit services, and closed 112 tourist attractions to brace for the typhoon.
The provincial meteorological center of east China’s Jiangsu Province issued a yellow alert — the third-highest alert — for Typhoon Chanthu Monday afternoon.
The education authorities in the city of Nantong, Jiangsu Province, have ordered the suspension of classes at kindergartens and primary and high schools on Tuesday. Enditem
Photo : Staff members carry pot plants indoor at a primary school in Huangpu District, east China’s Shanghai, Sept. 13, 2021. (Xinhua/Liu Ying)