Connect with us

Environment, Disasters & Accidents

ရှားပါးသော ဒိုင်နိုဆောသားပေါက် ကျောက်ဖြစ်ရုပ်ကြွင်းအား တရုတ်နိုင်ငံမြောက်ပိုင်း၌ တွေ့ရှိ

ဟူးဟောက် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

တရုတ်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များသည် ရှားပါးပြီး အတော်လေးပြည့်စုံသည့် ဒိုင်နိုဆောသားပေါက်ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တွေ့ရှိခဲ့ကြောင်း သိရသည်။အတွင်းမွန်ဂိုလီးယား paleontological ကျောက်ဖြစ်ရုပ်ကြွင်း ကာကွယ်စောင့်ရှောက်ရေးအဖွဲ့စည်းမှ သုတေသနပညာရှင်များက ပြီးခဲ့သည့်လတွင် Alxa League ရှိ Mazongshan တောင်ဧရိယာ၌ စတင်ခဲ့သည့် လေ့လာဆန်းစစ်မှုတစ်ခုအတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေ့လာဆန်းစစ်မှုအတွင်း ၎င်းတို့သည် လွန်ခဲ့သောနှစ်သန်းပေါင်းရာချီ Cretaceous ကာလ နှင့် Late Jurassic ပြတ်ရွေ့အတွင်းရှိ paleontological ကျောက်ဖြစ်ရုပ်ကြွင်းများအား စုဆောင်းရေးအတွက် နေရာ ၁၀ နေရာအား အတည်ပြုနိုင်ခဲ့ကြောင်း နှင့် တွားသွားသတ္တဝါများ ဖြစ်ကြသည့် ankylosaurs ၊ iguanodon နှင့် ပင်လယ်လိပ်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းများစွာကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

သုတေသီများသည် ကျောက်ဖြစ်ရုပ်ကြွင်းများကို ဖော်ထုတ်ပြုပြင်နိုင်ရန် ၊ Cretaceous ကျောက်ဖြစ်ရုပ်ကြွင်းများ၏ အတိုင်းအတာလေ့လာမှုများကို ပို၍ချဲ့ထွင်ရန် နှင့် ယင်းခေတ်၏ ဇီဝဗေဒပြောင်းလဲမှုအတွက် အထောက်အထားခိုင်လုံစွာ ပေးရန် ရည်ရွယ်ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၃၇ သန်းက စတင်ခဲ့ပြီး လွန်ခဲ့သော နှစ်သန်းပေါင်း ၆၅ သန်းတွင် အဆုံးသတ်ခဲ့သည့် Cretaceous ကာလသည် ဒိုင်နိုဆောများ ကမ္ဘာမြေတွင် ကြီးစိုးခဲ့သည့် နောက်ဆုံးအချိန် ဖြစ်သည်။ထိုခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းများသည် ၎င်းတို့၏ ဆင့်ကဲဖြစ်စဉ် ၊ နေထိုင်မှုအခြေအနေများ နှင့် မျိုးသုဉ်းသွားခြင်းတို့ကို လေ့လာရေးအတွက် အရေးကြီးသော အထောက်အထားများကို ပေးကြောင်း သိရသည်။ (Xinhua)

#China #dinosaur #fossil #တရုတ်နိုင်ငံ #ဒိုင်နိုဆော #ကျောက်ဖြစ်ရုပ်ကြွင်း #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

———————————————–
(English Version)
Rare baby dinosaur fossil found in north China

HOHHOT, Oct. 21 (Xinhua) — Chinese paleontologists have found a rare and relatively complete baby dinosaur fossil in north China’s Inner Mongolia Autonomous Region.
Researchers from the Inner Mongolia paleontological fossil protection institute made the discovery during a survey that started last month in the Mazongshan Mountain area in Alxa League.
During the survey, they also identified 10 sites for collecting paleontological fossils in the Cretaceous and Late Jurassic strata and found several fossils of ankylosaurs, iguanodon, and turtles.

The researchers will aim to repair and identify the fossils to expand the scope of Cretaceous fossil studies further and provide substantial evidence for the biological evolution of that era.
The Cretaceous period, which began 137 million years ago and ended 65 million years ago, was the last time dinosaurs ruled the planet. Fossils from that period offer important evidence for studying their evolution, living conditions and extinction. Enditem

Photo – Photo shows the “Sunshi Yizhou dinosaur” displayed at the museum in Lufeng Dinosaur Valley in Lufeng, southwest China’s Yunnan Province. Chinese scientists have found the fossil of a new dinosaur species in southwest China’s Yunnan Province. The findings were recently published by the journal Scientific Reports. Researchers have named the new species Yizhousaurus sunae, known in Chinese as Sunshi Yizhou dinosaur, after Chinese scientist Sun Ailing for her great contribution to vertebrate paleontology. (Xinhua/Zhang Qiannan)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.