Connect with us

China

ရှီ၏ လူ့အခွင့်အရေး ဟောပြောချက်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပေကျင်း၌ ကျင်းပခဲ့

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) က ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ၁၉ ကြိမ်မြောက် စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်၏ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ၂၉ ရက် (ဆင်ဟွာ)

ရှီကျင့်ဖိန်၏ လူ့အခွင့်အရေး လေးစားလိုက်နာရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဟောပြောချက်စာအုပ်ကို အဓိကထားသည့် ဆွေးနွေးပွဲတစ်ရပ်အား တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက် အထိ ဟောပြောခဲ့သော တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး ချုပ် ရှီ ၏ ခါင်းစဉ် ကိုးခုပါရှိသော စာအုပ်တွင် အစီရင်ခံစာ ၁၆၀ ကျော်မှ မိန့်ခွန်းများ၊ ဂုဏ်ပြုစာများ၊ နှင့် လမ်းညွှန်ချက်များ ပါဝင်သော ဟောပြောချက်ပေါင်း ၃၃၅ ခု ပါဝင်ကြောင်း သိရသည်။

ရှီ၏လူ့အခွင့်အရေးဆိုင်ရာ ဟောပြောချက်များသည် ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်ချက်ဖြစ်ပြီး ကမ္ဘာ့လူ့အခွင့်အရေးကို မြှင့်တင်ရန်အတွက် တရုတ်အသိပညာနှင့် ဖြေရှင်းချက်များကို ကမ်းလှမ်းခဲ့ကြောင်း CPC ဗဟိုကော်မီတီ၏ ပြည်သူ့ရေးရာဌာန လက်ထောက်အကြီးအကဲ Jiang Jianguo က ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်သော အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပမှ နယ်ပယ်ပေါင်းစုံမှ ပညာရှင်များ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူများ နှင့် နယ်ပယ်ပေါင်းစုံမှ စာဖတ်သူ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)
Seminar on Xi’s human rights discourses held in Beijing
BEIJING, Dec. 29 (Xinhua) — A seminar focusing on a book of Xi Jinping’s discourses on respecting and safeguarding human rights has been held in Beijing.
The book, featuring nine themes, includes 335 discourses extracted from over 160 reports, speeches, congratulatory letters, and instructions by Xi, general secretary of the Communist Party of China (CPC) Central Committee, from Nov. 15, 2012 to Oct. 30, 2021.
Xi’s discourses on human rights point the way for the development of China’s human rights cause in the new era, and offer Chinese wisdom and solutions to promote the global cause of human rights, said Jiang Jianguo, deputy head of the Publicity Department of the CPC Central Committee, at the event on Tuesday.
The seminar also gathered scholars, human rights experts, as well as representatives of readers from multiple fields from both home and abroad. Enditem