Connect with us

Europe

လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ရေနံစက်ရုံ၌ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွား

လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ al-Zahrani ရေနံစက်ရုံ၌ အောက်တိုဘာ ၁၁ ရက်တွင် မီးသတ်သမားများက မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ရေနံစက်ရုံတစ်ရုံ၏ လောင်စာဆီသိုလှောင်ကန်တစ်ခု၌ အောက်တိုဘာ ၁၁ ရက်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လောင်စာဆီ ၂၅၀,၀၀၀ လီတာခန့် ဆုံးရှုံးခဲ့ကြောင်း အမျိုးသားသတင်းအေဂျင်စီ(NNA) က ဖော်ပြခဲ့သည်။

လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ al-Zahrani ရေနံစက်ရုံ၌ အောက်တိုဘာ ၁၁ ရက်တွင် မီးသတ်သမားများက မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ al-Zahrani ရေနံစက်ရုံ၌ အောက်တိုဘာ ၁၁ ရက်တွင် မီးလောင်ကျွမ်းမှုအား တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ al-Zahrani ရေနံစက်ရုံ၌ အောက်တိုဘာ ၁၁ ရက်တွင် မီးသတ်သမားများက မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

al-Zahrani ရေနံစက်ရုံ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုသည် လောင်စာဆီ သယ်ယူပို့ဆောင်ရာတွင် နည်းပညာပိုင်းဆိုင်ရာပြဿနာကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လက်ဘနွန် စွမ်းအင်ဝန်ကြီး Walid Fayyad က ထုတ်ဖော်ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားသည့် ဧရိယာရှိ ဒေသခံများကို လက်ဘနွန်စစ်တပ်က ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး မီးသတ်သမားများသည် မီးကို ငြှိမ်းသတ်ရန် ရေနံစက်ရုံသို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြောင်း နှင့် အခြားဆီသိုလှောင်ကန်များ နှင့် လူနေထိုင်ရာ ဧရိယာများသို့ မီးပြန့်နှံခြင်းမရှိအောင် ရပ်တန့်နိုင်ခဲ့ကြောင်း NNA က ဖော်ပြခဲ့သည်။

လက်ဘနွန်နိုင်ငံသည် စီးပွားရေးအကြပ်အတည်းကြောင့် လောင်စာဆီရှားပါးပြတ်လပ်မှုဖြင့် ဆက်လက်ကြုံတွေ့နေရပြီး ယင်း၏ ငွေကြေးသည် တန်ဖိုး၏ ၉၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးနေကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် al-Zahrani နှင့် Deir Ammar မြိို့ရှိ အဓိကဓာတ်အားပေးစက်ရုံနှစ်ရုံသည် လောင်စာဆီကုန်သွားသဖြင့် လည်ပတ်မှု ရပ်တန့်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Huge fire breaks out at oil facility in southern Lebanon
BEIRUT, Oct. 11 (Xinhua) — A huge fire broke out on Monday at a fuel storage tank of an oil facility in southern Lebanon, causing the loss of about 250,000 liters of fuel, the National News Agency (NNA) reported.
Lebanese Energy Minister Walid Fayyad announced that the fire at the al-Zahrani oil facility was caused by a technical error in the transport of fuel.
The Lebanese army evacuated the area while firefighters rushed to the oil facility to extinguish the fire and stop it from spreading to other tanks and residential areas, said the NNA.
Lebanon continues to suffer from shortage of fuel caused by an economic crisis, with its currency having lost more than 90 percent of its value.
The fire came two days after the two main power stations in al-Zahrani and Deir Ammar were forced to stop their operation as they ran out of fuel. Enditem
Photo 1 – Firefighters work to extinguish a fire burning at the al-Zahrani oil facility in southern Lebanon, Oct. 11, 2021. A huge fire broke out on Monday at a fuel storage tank of an oil facility in southern Lebanon, causing the loss of about 250,000 liters of fuel, the National News Agency (NNA) reported. Lebanese Energy Minister Walid Fayyad announced that the fire at the al-Zahrani oil facility was caused by a technical error in the transport of fuel. (Photo by Ali Hashisho/Xinhua)
Photo 2 – Firefighters work to extinguish a fire burning at the al-Zahrani oil facility in southern Lebanon, Oct. 11, 2021. A huge fire broke out on Monday at a fuel storage tank of an oil facility in southern Lebanon, causing the loss of about 250,000 liters of fuel, the National News Agency (NNA) reported. Lebanese Energy Minister Walid Fayyad announced that the fire at the al-Zahrani oil facility was caused by a technical error in the transport of fuel. (Photo by Ali Hashisho/Xinhua)
Photo 3 – Photo taken on Oct. 11, 2021 shows a fire burning at the al-Zahrani oil facility in southern Lebanon. A huge fire broke out on Monday at a fuel storage tank of an oil facility in southern Lebanon, causing the loss of about 250,000 liters of fuel, the National News Agency (NNA) reported. Lebanese Energy Minister Walid Fayyad announced that the fire at the al-Zahrani oil facility was caused by a technical error in the transport of fuel. (Photo by Ali Hashisho/Xinhua)
Photo 4 – Firefighters work to extinguish a fire burning at the al-Zahrani oil facility in southern Lebanon, Oct. 11, 2021. A huge fire broke out on Monday at a fuel storage tank of an oil facility in southern Lebanon, causing the loss of about 250,000 liters of fuel, the National News Agency (NNA) reported. Lebanese Energy Minister Walid Fayyad announced that the fire at the al-Zahrani oil facility was caused by a technical error in the transport of fuel. (Photo by Ali Hashisho/Xinhua)