Connect with us

International Organizations

ပူတင်၊ မာကဲလ်၊ မက်ခရွန်တို့သည်ယူကရိန်းအရေးနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့်ဆွေးနွေး

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)၊ ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) နှင့် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) တို့ သည် ယူကရိန်းအရေးနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော်က အောက်တိုဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“မတိုးသာမဆုတ်သာအခြေအနေ ဖြစ်ပေါ်နေသည့် ယူကရိန်းပြည်တွင်းရေးပဋိပက္ခကို အဆုံးသတ်စေရန်အားထုတ်ရမည်များကိုအသေးစိတ်ဆွေးနွေးခဲ့ပြီး အရေးအကြီးဆုံး အကောင်အထည်ဖော်ဆောင် ရမည့် ၂၀၁၅ Minsk သဘောတူညီမှု သည်သာ အခြေတကျဖြစ်ဖို့ တစ်ခုတည်းသော ဖြစ်နိုင်ချေရှိသည့်အခြေခံ အချက် ဖြစ်ကြောင်း ခေါင်းဆောင်၃ ဦးက မှတ်ချက်ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်’’ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရုရှား၏ နော်မန်ဒီအခြေပြပုံစံအတိုင်း ဂျာမနီ၊ ပြင်သစ်တို့ နှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းဖော်ပြခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်းတွင်ပဋိပက္ခများဖြေရှင်းရန်ခက်ခဲသောကြောင့်ခေါင်းဆောင်များသည်၎င်းတို့၏နိုင်ငံရေးအကြံပေးများနှင့်နိုင်ငံခြားရေး ဝန်ကြီးဌာနများကိုပိုမိုပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ကာ နော်မန်ဒီ -၄ ပုံစံဖြင့် ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

အာဖရိကတိုက်တွင်အကြမ်းဖက်မှုနှိမ်နင်းရေးကြိုးပမ်းမှုများ အပါအ ဝင်အခြားနိုင်ငံတကာရေးရာကိစ္စရပ်အချို့ကိုလည်းဖုန်းဖြင့်ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (Xinhua)

————————————
(English Version)
Putin, Merkel, Macron discuss Ukraine issue over phone
MOSCOW, Oct. 11 (Xinhua) — Russian President Vladimir Putin, German Chancellor Angela Merkel and French President Emmanuel Macron discussed the Ukrainian issue during their phone conversation, the Kremlin said in a statement Monday.
“The worrying stalemate in the effort to end the internal conflict in Ukraine was discussed in detail, with the three leaders noting the importance of implementing the 2015 Minsk agreements as the only possible basis for a settlement,” the statement said.
“Interest was also expressed in further coordinating efforts in the Normandy format of Russia, Germany and France,” it added.
Given the difficulty of settling the conflict in the southeast of Ukraine, the leaders asked their political advisors and foreign ministries to step up contacts and work in the Normandy Four format.
Some other international issues were also discussed during the phone talks, including counter-terrorism efforts on the African continent, according to the Kremlin. Enditem