Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ၏ လောင်စာဆီပြတ်လပ်မှုက စီးပွားရေးအကျပ်အတည်းကြားတွင် ပိုဆိုးလာ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်းအနီး အဝေးပြေးလမ်းမဘေးရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ဩဂုတ် ၂၁ ရက်က ဆီဖြည့်ရန် စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်တန်းရှည်အား တွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ)
လက်ဘနွန်နိုင်ငံ၏ လောင်စာဆီပြတ်လပ်မှုသည် နိုင်ငံအတွင်း စီးပွားရေးအကျပ်အတည်းကြားတွင် ပိုမိုဆိုးရွားလာကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်းအနီး အဝေးပြေးလမ်းမဘေးရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ဩဂုတ် ၂၁ ရက်က ဆီဖြည့်ရန် စောင့်ဆိုင်းနေချိန်တွင် ဒေါသထွက်နေသော ပြည်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်းအနီး အဝေးပြေးလမ်းမဘေးရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ဩဂုတ် ၂၁ ရက်က ဆီဖြည့်ရန် စောင့်ဆိုင်းနေသည့် ယာဉ်တန်းရှည်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းလင်းနေစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်းအနီး အဝေးပြေးလမ်းမဘေးရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ဩဂုတ် ၂၁ ရက်က ဆီဖြည့်ရန် စောင့်ဆိုင်းနေချိန်တွင် ဒေါသထွက်နေသော ယာဉ်မောင်းတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်းအနီး အဝေးပြေးလမ်းမဘေးရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ဩဂုတ် ၂၁ ရက်တွင် ဆီဖြည့်ရန် စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်တန်းရှည်ကြောင့် ဆိုးရွားသည့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ၌ ယာဉ်မောင်းများသည် ၎င်းတို့၏ မော်တော်ယာဉ်များအား ဆီဖြည့်ရန် နာရီပေါင်းများစွာ စောင့်ဆိုင်းကြရပြီး ဓာတ်ဆီဆိုင်ပြင်ပတွင် တန်းစီနေကြသည့် မော်တော်ယာဉ်တန်းရှည်များကို အမြဲလိုလို တွေ့မြင်နေရသည်။

လက်ဘနွန်နိုင်ငံ အိမ်စောင့်အစိုးရအဖွဲ့ နှင့် ဗဟိုဘဏ်တို့က လောင်စာဆီ ပြတ်လပ်မှုကို ကုစားနိုင်ရန် ဓာတ်ဆီ နှင့် ဒီဇယ် ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၂၂၅ သန်း အသုံးပြုသွားရန် ဆုံးဖြတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံအတွင်းရှိ ဓာတ်ဆီဆိုင်ပိုင်ရှင်များ နှင့် ဖြန့်ဖြူးသူများ အဖွဲ့က ဓာတ်ဆီဆိုင်များတွင် အများပြည်သူ လုံခြုံရေး နှင့် အကြမ်းဖက်မှုတို့ကို ကာကွယ်ရန် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပိုမို ချထားပေးရေး တောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Mideast in Pictures: Lebanon’s fuel shortage worsens amid economic crisis

BEIRUT, Aug. 22 (Xinhua) — The fuel shortage in Lebanon has been worsening amid an economic crisis in the country.
Long lines of vehicles queuing outside a gas station is a common scene in Lebanon as drivers often have to wait for hours to refuel their cars. Lebanese caretaker cabinet and the Central Bank have decided to allocate 225 million U.S. dollars to purchase gasoline and diesel to ease the fuel shortage. Meanwhile, the Syndicate of Gas Station Owners and Distributors in Lebanon called for more presence of security forces at gas stations to protect public safety and prevent violence.
Photo 1 – Long lines of vehicles wait for refueling at a gas station on the roadside of a highway near the port of Beirut, Lebanon, on Aug. 21, 2021. (Xinhua/Liu Zongya)
Photo 2 – People express their anger when waiting for refueling at a gas station on the roadside of a highway near the port of Beirut, Lebanon, on Aug. 21, 2021.(Xinhua/Liu Zongya)
Photo 3 – A policeman directs the traffic as long lines of vehicles wait for refueling outside a gas station near the port of Beirut, Lebanon, on Aug. 21, 2021. (Xinhua/Liu Zongya)
Photo 4 – One of the drivers expresses his anger when waiting for refueling his car outside a gas station near the port of Beirut, Lebanon, on Aug. 21, 2021. (Xinhua/Liu Zongya)
Photo 5 – A severe traffic jam is caused by long lines of cars waiting outside a roadside gas station for refueling, near the port of Beirut, Lebanon, on Aug. 21, 2021. (Xinhua/Liu Zongya)■