Connect with us

Asia

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်ရှိ ခရိုင်များမှ တာလီဘန်များကို တာလီဘန်ဆန့်ကျင်ရေးသမားများက တိုက်ခိုက်နှင်ထုတ်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဩဂုတ် ၁၇ ရက်တွင် တာလီဘန်တိုက်ခိုက်ရေးသမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်အတွင်းရှိ ခရိုင် ၃ ခုတွင် တာလီဘန်တိုက်ခိုက်ရေးသမားများကို တာလီဘန်ဆန့်ကျင်သည့် စစ်သွေးကြွများက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း တာလီဘန်တို့က ယင်းခရိုင် ၃ ခုအနက် ခရိုင် ၁ ခုကို ပြန်လည်ရယူသိမ်းပိုက်ခဲ့ကြောင်း ဒေသတွင်း ရုပ်သံလိုင်းတစ်ခု ဖြစ်သည့် Tolo news က ဩဂုတ် ၂၂ ရက်တွင် ထုတ်လွှင့်ပြသခဲ့သည်။

တာလီဘန်ဆန့်ကျင်ရေးတိုက်ခိုက်ရေးသမားများသည် ဩဂုတ် ၂၀ ရက်တွင် Pul-e-Hisar ၊ Deh Salah နှင့် Banu ခရိုင်တို့အား သိမ်းယူခဲ့သော်လည်း တာလီဘန်တို့သည် ဩဂုတ် ၂၁ ရက်တွင် Banu ခရိုင်အား ပြန်လည်ရယူသိမ်းပိုက်ခဲ့ကြောင်း နှင့် နောက်ထပ် ခရိုင်နှစ်ခုအား ပြန်လည်သိမ်းယူရန် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း မီဒီယာက ထုတ်လွှင့်ခဲ့သည်။

ဩဂုတ် ၁၅ ရက်တွင် မြို့တော်ကဘူးလ်အား ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တာလီဘန်တိုက်ခိုက်ရေးသမားများသည် Baghlan ပြည်နယ်ရှိ ယင်းခရိုင်များအား အပြီးသတ် သိမ်းယူခဲ့ခြင်းဖြစ်သည်။

တာလီဘန်တို့က ကဘူးလ်မြို့အား သိမ်းယူခံခဲ့ပြီးချိန်မှစ၍ ယင်းအဖွဲ့သည် တာလီဘန်ဆန့်ကျင်သည့် ပထမဆုံး ပုန်ကန်ထကြွမှု ဖြစ်ကြောင်း သိရသည်။

တာလီဘန်တိုက်ခိုက်ရေးသမားများသည် အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်နယ် ၃၄ ခုအနက် ၃၃ ခုအပေါ်တွင် ၎င်းတို့၏ အုပ်ချုပ်မှုကို အားကောင်းစွာတည်ဆောက်ထားပြီ ဖြစ်ကြောင်း သိရသည်။

တာလီဘန်ထိန်းချုပ်မှုပြင်ပတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သော Panjshir ပြည်နယ်ကို တာလီဘန်ဆန့်ကျင်ရေး ခေါင်းဆောင်ဟောင်း Ahmad Shah Massoud ၏ သားဖြစ်သူ Ahmad Massoud က ထိန်းချုပ်ထားပြီး ၎င်းသည် တာလီဘန်အုပ်ချုပ်မှုကို ဆန့်ကျင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Anti-Taliban fighters evict Taliban from districts in Afghanistan’s northern Baghlan
KABUL, Aug. 22 (Xinhua) — Militants opposing the Taliban have evicted Taliban fighters from three districts in Afghanistan’s northern Baghlan province, but the Taliban fighters have recaptured one of them, a local television channel Tolo news reported on Sunday.
The anti-Taliban fighters seized Pul-e-Hisar, Deh Salah and Banu districts on Friday, but the Taliban recaptured Banu on Saturday, and fighting is underway to re-take two more districts, the local media outlet reported.
After gaining control of the capital Kabul on Aug. 15, the Taliban fighters captured the said districts and thus completed its rule over Baghlan province.
This is the first uprising against the Taliban since Kabul was captured by the group.
Taliban fighters have already strengthened its rule over the country’s 33 out of 34 provinces.
Panjshir is the only province that has remained out of Taliban’s grip, where Ahmad Massoud, the son of former anti-Taliban leader Ahmad Shah Massoud, has challenged the Taliban rule over the country. Enditem
Photo – Taliban fighters are seen on a military vehicle in Kabul, capital of Afghanistan, Aug. 17, 2021. Normality has returned to Kabul, capital of Afghanistan as the Taliban on Tuesday urged the government employees to return to work, two days after the group took control of the capital.
Declaring a general amnesty, the Taliban urged all to start routine life with confidence.
It also urged women to join its government.
Taliban spokesman Zabihullah Mujahid tweeted that the situation in Kabul was completely under control and law and order returned to the city. (Str/Xinhua)