Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံနှင့် တူရကီနိုင်ငံကြား အပျော်စီးသင်္ဘောလမ်းကြောင်း စတင်ဖွင့်လှစ်

ထရီပိုလီ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံနှင့် တူရကီနိုင်ငံကြား ပထမဆုံးအပျော်စီးခရီးသည်တင်သင်္ဘောလိုင်းကို လစ်ဗျားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Mohamed al-Shohobi က ဒီဇင်ဘာ ၁ ရက်၌ စတင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် အဆိုပါ ခရီးစဉ်သည် လစ်ဗျား၌ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးခရီးလည်း ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
အပျော်စီးသင်္ဘောလိုင်း စတင်ခြင်းသည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား မိတ်ဖက်ဆောင်ရွက်မှု မြှင့်တင်ရေး လစ်ဗျား အစိုးရ၏ ကြိုးပမ်းအားထုတ်မှု မူဘောင်အတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

လစ်ဗျားနိုင်ငံ Misurata မြို့ရှိ Misurata ပင်လယ်ရေကြောင်းဝန်ဆောင်မှုစခန်းတွင် ခရီးသည်များ စာရင်းသွင်းနေသည်ကို ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“အမျိုးသားညီညွတ်ရေးအစိုးရက ဒီစီမံကိန်း အကောင်အထည်ဖော်ရာမှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေနဲ့ အတားအဆီးတွေအားလုံးကို ကျော်လွှားဖို့ အကူအညီပေးခဲ့တယ်” ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

“ကျွန်တော်တို့အနေနဲ့ မဝေးတော့တဲ့ကာလမှ ကမ္ဘာလှည့်ခရီးသွား အပျော်စီးသင်္ဘောလိုင်းတွေ စတင်ဆောင်ရွက်ဖို့ အီဂျစ်၊ တူနီးရှားနဲ့ မော်ရိုကို အစိုးရတွေနဲ့ သဘောတူညီမှုရရှိရေး အထူးဆောင်ရွက်ချက်များစွာ လုပ်ဆောင်နေပါတယ်” ဟု al-Shohobi က ပြောခဲ့သည်။

အဆိုပါ အပျော်စီးသင်္ဘောလိုင်းအသစ်သည် လစ်ဗျားနိုင်ငံ Misurata နှင့် တူရကီနိုင်ငံ Izmir မြို့များကြား ပြေးဆွဲလျက်ရှိသည်။
“ဒီအပျော်စီးသင်္ဘောလိုင်းက နွေရာသီကာလမဟုတ်တာတောင်မှ ဈေးကွက်တောင်းဆိုမှု ကောင်းကောင်းရရှိထားပါတယ်။ ပထမဆုံးခရီးစဉ်အတွက် ခရီးသည် ၂၂၀ ခန့် ရှိပြီး ခရီးစဉ်ကြာချိန် ၄၈ နာရီခန့်ရှိပါတယ်” ဟု Misurata ပင်လယ်ရေကြောင်းဝန်ဆောင်မှုစခန်း ပြောရေးဆိုခွင့်ရှိသူ Taha Hadid က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

………………………………………….
(Chinese Version)

Cruise line launched between Libya, Turkey

Source: Xinhua| 2021-12-02 05:08:41|Editor: huaxia
TRIPOLI, Dec. 1 (Xinhua) — Libyan Minister of Transportation Mohamed al-Shohobi on Wednesday launched the first tourist cruise line between Libya and Turkey, the first trip of its kind in Libya in more than 20 years, the Ministry of Transportation said in a statement.

The launch of the cruise line comes within the framework of the Libyan government’s efforts to promote partnership between the public and private sectors, the ministry said.
“The Government of National Unity has contributed to overcoming all the difficulties and obstacles that faced the implementation of this project,” the statement said.
“We are in the process of taking several special measures, in agreement with the Egyptian, Tunisian and Moroccan governments, to launch tourist cruise lines in the near future,” al-Shohobi said.

The new cruise line is between the Libyan city of Misurata and Turkey’s Izmir.
“There is a good demand for this cruise line, even though it’s not summertime. For the first trip, there are about 220 passengers, and the trip takes about 48 hours,” Taha Hadid, spokesman of Misurata maritime station, told Xinhua. Enditem

Photo 1 – A cruise is seen at a seaport in Misurata, Libya, on Dec. 1, 2021. Libyan Minister of Transportation Mohamed al-Shohobi on Wednesday launched the first tourist cruise line between Libya and Turkey, the first trip of its kind in Libya in more than 20 years, the Ministry of Transportation said in a statement. (Photo by Hamza Turkia/Xinhua)
2- 3 – Passengers check in at the Misurata maritime station in Misurata, Libya, on Dec. 1, 2021. Libyan Minister of Transportation Mohamed al-Shohobi on Wednesday launched the first tourist cruise line between Libya and Turkey, the first trip of its kind in Libya in more than 20 years, the Ministry of Transportation said in a statement. (Photo by Hamza Turkia/Xinhua)