Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ၌ လာမည့် ရွေးကောက်ပွဲအတွက် ပံ့ပိုးကူညီရန် ဥရောပသမဂ္ဂ အလေးထား

 

ထရီပိုလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင် လာမည့် ရွေးကောက်ပွဲအတွက် ဥရောပသမဂ္ဂ က ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာ ၂ ရက်တွင် အလေးအနက်ပြောကြားခဲ့သည်။လစ်ဗျားအဆင့်မြင့် အမျိုးသားရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Emad Al-Sayeh နှင့် ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် အီးယူသံအမတ်ကြီး Jose Antonio Sabadell က ယင်းအမြင်အား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအချက်အလက်များအရ ရွေးကောက်ပွဲတိုးတက်မှုအခြေအနေများ၊ ကော်မရှင် ၏ ဆောင်ရွက်မှုအဆင့်ဆင့်၊ အထူးသဖြင့် မဲဆန္ဒရှင်မှတ်ပုံတင်သည့်လုပ်ငန်း စဉ်ဆက်လက်ဆောင်ရွက်မှု နှင့် နောက်တဆင့်အတွက် အရေးကြီးသော ပြင်ဆင်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ယင်းကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မဲဆန္ဒရှင်များမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အား ကော်မရှင်၏ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရွေးကောက်ပွဲအချိန်မီကျင်းပနိုင်ရန် အထောက်အကူပြုကြောင်း’’ Sabadellက ချီးမွမ်းခဲ့သည်။

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ကော်မရှင်နှင့် အတူ ၎င်းတို့ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီတွင်ကျင်းပခဲ့သော ကုလသမဂ္ဂမှ ကမကထပြုထားသည့် လစ်ဗျား နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ဖိုရမ်က ညီညွတ်သောအစိုးရနှင့် သမ္မတရုံးကောင်စီ မှတဆင့် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့သစ်ကို ရွေးချယ်ခဲ့ပြီး ၎င်းတို့၏အဓိကတာဝန်မှာ ယခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် အထွေထွရွေးကောက်ပွဲ အတွက်ပြင်ဆင်ရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

European Union stresses support for upcoming Libyan elections

TRIPOLI, Sept. 2 (Xinhua) — The ambassador of the European Union (EU) Delegation to Libya stressed here on Thursday the EU’s support for the upcoming elections in Libya.

Jose Antonio Sabadell voiced this view during a meeting with Emad Al-Sayeh, chairman of the Libyan Higher National Commission of Elections.

The meeting “covered developments of the elections according to the current political data, as well as the level of readiness of the Commission, especially following the voter registration process, and the most important preparations for the next stage,” said a statement issued by the commission.

Sabadell praised “the commission’s efforts for voters registration, which contributes to holding the elections on time,” the statement said.

The ambassador expressed his delegation’s readiness to cooperate with the commission to organize successful elections.

The UN-sponsored Libyan Political Dialogue Forum in February selected a new executive authority of a unity government and a presidency council, whose main task is to prepare for the general elections to be held on Dec. 24 this year. Enditem