Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ အနောက်ပိုင်း အခြေစိုက် လက်နက်ကိုင်အဖွဲ့များက ရွေးကောက်ပွဲဥပဒေများကို ရှုတ်ချ

ထရီပိုလီ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံအနောက်ပိုင်းအခြေစိုက်လက်နက်ကိုင်အဖွဲ့များက လာမည့်ရွေးကောက်ပွဲအတွက် အောက်လွှတ် တော် (ပါလီမန်) မှ ပြဌာန်းထားသောဥပဒေများကို နိုဝင်ဘာ ၁၀ ရက်တွင် ပယ်ချလိုက်ကြောင်း သိရသည်။
အဆိုပါလက်နက်ကိုင်အဖွဲ့များက ရွေးကောက်ပွဲဥပဒေများသည် “ဥပဒေဆိုင်ရာ စိန်ခေါ်မှုဖြစ်ကြောင်း နှင့် မည်သည့် နိုင်ငံရေးသဘောတူညီချက်များအပေါ် အခြေမခံကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရွေးကောက်ပွဲဥပဒေတွေကို ပယ်ချတာဟာ ရွေးကောက်ပွဲကို ငြင်းပယ်ချခြင်းဟုမဆိုလိုကြောင်း ” ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး၊ လွှတ်တော်သည် ရွေးကောက်ပွဲများအား နှောက်ယှက်သည့် အဖွဲ့ ဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ မပါရှိဘဲ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ် အခြေမခံဘဲ ရွေးကောက်ပွဲ ကျင်းပခြင်းသည် ရလဒ်များမည်သို့ပင်ဖြစ်စေကာမူ အာဏာရှင်စနစ် စီမံကိန်းတစ်ခုသာဖြစ်ပါတယ်’’ ဟု ယင်းထုတ်ပြန်ချက်ကဆိုသည်။

လစ်ဗျားနိုင်ငံမှ မဲဆန္ဒရှင် ၂.၈ သန်းကျော်သည် ယခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် သမ္မတတစ်ဦးကို ရွေးချယ်ရန် မဲပေးကြရမည်ဟု မျှော်လင့်ထားကြကြောင်း သိရသည်။

မူလက သမ္မတရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ ၂၄ ရက် တွင် လစ်ဗျားပါလီမန်ရွေးကောက်ပွဲများကို ကျင်းပရန်စီစဉ်ထားသော်လည် ပါလီမန်ရွေးကောက်ပွဲများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလသို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ယင်းရွေးကောက်ပွဲများသည် ကုလသမဂ္ဂ ကမကထပြုသည့် လစ်ဗျား နိုင်ငံရေး ဆွေးနွေးမှု ဖိုရမ်မှ ချမှတ်ထားသော လမ်းပြမြေပုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ (Xinhua)

——————————————-
(English Version)
Armed groups based in Western Libya denounce election laws

TRIPOLI, Nov. 10 (Xinhua) — A number of armed groups based in Western Libya on Wednesday rejected the laws of the upcoming elections issued by the House of Representatives (parliament).

The armed groups said in a statement that the election laws were “legally challenged and not based on any political consensus.”
“Rejecting election laws does not mean rejection of the elections,” the statement said, accusing the parliament of “being the party that hinders the elections.”

“Presidential elections without a constitution or a constitutional basis is a dictatorship project, regardless of the results,” the statement said.
More than 2.8 million Libyan voters are expected to cast their votes on Dec. 24 this year to choose a president.

The Libyan parliamentary elections, originally planned to be held on the same day as the presidential poll, have been postponed to January 2022.
The elections are part of a roadmap adopted by the UN-sponsored Libyan Political Dialogue Forum. Enditem