Connect with us

မြန်မာ-中文

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက လစ်ဗျားနိုင်ငံ လခြမ်းနီအသင်းသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငွေကြေး အကူအညီများ ပေးအပ်

ပေကျင်း၊ စက်တင်ဘာ ၁၇ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက လစ်ဗျားနိုင်ငံ လခြမ်းနီအသင်းသို့ ကပ်ဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငွေကြေး အကူအညီ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်က တရုတ်ကြက်ခြေနီအသင်းမှ သိရသည်။

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် ဟာရီကိန်းမုန်တိုင်း “Daniel” တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက တတ်နိုင်သမျှ ကူညီပံ့ပိုးမှုများ ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
——————————
中国红十字会向利比亚红新月会提供紧急人道主义现汇援助
新华社北京9月15日电(记者董博婷)记者15日从中国红十字会总会了解到,中国红十字会决定向利比亚红新月会提供20万美元紧急人道主义现汇援助,支持其开展救援救灾工作。
近日,飓风“丹尼尔”袭击利比亚东部,引发严重洪灾,已造成大量人员伤亡。中国红十字会将持续关注并提供力所能及的帮助。