Connect with us

Asia

လာအိုနိုင်ငံ မြောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများကြောင့် ပြည်သူ ၃,၀၀၀ ကျော် ထိခိုက်

လာအိုနိုင်ငံ Attapeu ပြည်နယ်တွင် ဆောက်လက်စဆည်ပြိုကျပြီးနောက် ရေလွှမ်းမိုးမှုအတွင်း လှေဖြင့်သွားလာနေသော ရွာသားများကို ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ မြောက်ပိုင်း Xayaboury ပြည်နယ်ရှိ ကျေးရွာများစွာမှ ပြည်သူ ၃,၀၀၀ ကျော်သည် မိုးသည်းထန်စွာ ရွာသွန်းပြီး ရက်များစွာကြာပြီးနောက် ဆိုးဝါးသည့် ရေလွှမ်းမိုးမှု ဒဏ်ခံစားခဲ့ရကြောင်း သိရသည်။

လာအိုနိုင်ငံရှိ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် စေတနာ့ဝန်ထမ်းများက သီတင်းပတ်ကုန်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေလွှမ်းမိုးများကြောင့် ထိခိုက်ခဲ့ရသော အဆိုပါ မိသားစုများထံ အကူအညီများ ရောက်ရှိနိုင်ရန် အချိန်နှင့်အမျှ ဆောင်ရွက်လျက်ရှိသည်ဟု Xayaboury ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး Phetphixay Sounvilay က ပြောကြားခဲ့ကြောင်း လာအို အမျိုးသားရေဒီယိုက ဇွန် ၁၅ ရက်၌ သတင်းဖော်ပြခဲ့သည်။

လာအိုနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က နိုင်ငံတစ်ဝန်း တိုက်ခတ်ခဲ့သော Koguma အပူပိုင်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှု ဒဏ်ခံစားခဲ့ရကြောင်း သိရသည်။

ပြည်သူတစ်ဦးချင်းစီအနေဖြင့် ရာသီဥတုဆိုးဝါးမှုအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် အခြေအနေဆိုးဝါးမှုမှ လျှော့ချနိုင်ရန် ပုံမှန်မိုးလေဝသ ခန့်မှန်းချက်များကို လိုက်နာသင့်ကြောင်း အာဏာပိုင်များက သတိပေးထားကြောင်း သိရသည်။ (Xinhua)
———————————–
(English Version)
Over 3,000 people affected by floods in N. Laos
VIENTIANE, June 15 (Xinhua) — Over 3,000 people in several villages in northern Laos’ Xayaboury province have been hit by serious floods after days of torrential rain in northern Laos.
Deputy Provincial Governor of Xayaboury province, Phetphixay Sounvilay, said that Lao officials, police, military, and volunteers are working around the clock to assist households that have been severely affected by floods after heavy rain over the weekend, according to a report by Lao National Radio on Tuesday.
Parts of northern and central Laos have been hit by floods after tropical storm Koguma blew across Laos over the weekend.
Authorities warn everyone to be prepared for extreme weather and follow forecasts regularly in order to mitigate the effects of severe conditions. Enditem

Villagers row a boat in flood after an under-construction dam collapsed in Attapeu province, Laos, on July 26, 2018. The under-construction Xepian-Xe Nam Noy hydropower dam collapsed on Monday, triggering flash flood in seven villages of Sanamxay district, in Laos’southern Attapeu province. (Xinhua/Liu Ailun)