Connect with us

North America

လူဝီစီးယားနားပြည်နယ်၌ Ida မုန်တိုင်းတိုက်ခတ်ပြီးတစ်ပတ်အကြာ သေဆုံးသူ ၁၃ ဦးရှိ ၊ ပြည်သူ ၅၀၀,၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်နေ

အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် Houma မြို့တွင် ဩဂုတ် ၃၀ ရက်က Ida မုန်တိုင်းဒဏ်ခံရပြီးနောက် သစ်ပင်ကျိုးကျနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီးယားနားပြည်နယ်၌ ကုန်းတွင်းပိုင်းတိုက်ခတ်မှု အဆင့် ၄ ရှိ Ida ဟာရီကိန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် တစ်ပတ်အကြာ စက်တင်ဘာ ၆ ရက်အထိ ယင်းကမ်းရိုးတန်းပြည်နယ်တွင် သေဆုံးသူပေါင်း ၁၃ ဦး နှင့် လျှပ်စစ်မီးပြတ်တောက်နေသော လူနေအိမ်များ နှင့် စီးပွားရေးလုပ်ငန်းများမှ လူပေါင်း ၅၀၀, ၀၀၀ နီးပါး ရှိကြောင်း PowerOutage.us ဝက်ဆိုက်၏ သတင်းထုတ်ဖော်ရေးသားချက်အရ သိရသည်။

အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် Houma ၌ ဩဂုတ် ၃၀ ရက်က Ida မုန်တိုင်းဒဏ်ခံရပြီးနောက် ဓာတ်မီးတိုင်များ ပြိုကျနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပြည်နယ်၏ အကြီးဆုံးမြို့တော်ဖြစ်သော နယူးအော်လန်းမြို့ခံအများစုသည် ဗုဒ္ဓဟူးနေ့တွင် လျှပ်စစ်မီးများပြန်လည်ရရှိလိမ့်မည်ဖြစ်သော်လည်း မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံစားခဲ့ရသည့် ပြည်နယ်အတွင်းရှိ အချို့နေရာများမှာမူ ယခုလကုန်ပိုင်းအထိ လျှပ်စစ်မီး ဆက်လက်ပြတ်တောက်နေမည်ဖြစ်ကြောင်း ပြည်နယ်အတွင်း လျှပ်စစ်မီး အဓိက ပံ့ပိုးပေးနေသည့် Entergy ကုမ္ပဏီက ခန့်မှန်းထားသည်။

Ida မုန်တိုင်းကြောင့် ဓာတ်မီးတိုင်ပေါင်း၂၂,၀၀၀ ကျော် ၊ လျှပ်စစ်မီးကြိုးလိုင်းပေါင်း ၂၆,၀၀၀ ကျော် နှင့် မီးအားမြှင့်စက် (ထရန်စဖော်မာ) ၅,၂၆၁ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ယင်းကုမ္ပဏီ၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ USA Today က ရေးသားဖော်ပြခဲ့သည်။

အမြင့်ဆုံးအရေအတွက်အဖြစ် မီးအသုံးပြုသူပေါင်း ၉၀၂,၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်မှုကြုံတွေ့ခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။
လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရန်အတွက် ယခုရက်သတ္တပတ်အတွင်း အချို့လူပေါင်း ၂၄,၀၀၀ ခန့်သည် နာရီပိုင်းအလိုက် အလှည့်ကျ လုပ်ကိုင်ဆောင်ရွက်နေရကြောင်း Entergy ကုမ္ပဏီက ဆိုသည်။

Ida မုန်တိုင်းနှင့်ဆက်စပ်၍ တနင်္ဂနွေနေ့က ၁၃ ဦးမြောက် သေဆုံးခဲ့သူကို လူဝီစီးယားနားပြည်နယ် ကျန်းမာရေးဌာနက အတည်ပြုပြောကြားခဲ့သည်။ အသက် ၇၄ နှစ်အရွယ်ရှိ Orleans Parish တွင် နေထိုင်သော အဖိုးအိုတစ်ဦးသည် လျှပ်စစ်မီးပြတ်တောက်နေစဉ်အတွင်း အပူချိန်မြင့်တက်လာခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဟာရီကိန်းမုန်တိုင်းကြောင့် အခြားသော သက်ကြီးပိုင်း ရာပေါင်းများစွာနှင့်အတူ ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသော ပြည်နယ်အတွင်းရှိ သက်ကြီးဂေဟာမှ လူငါးဦး သေဆုံးခဲ့ရကြောင်း ၊ ယင်းနေရာ၌ အခြေအနေများမှာ လုံခြုံမှုမရှိကြောင်း ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်ဟု USA Today က ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ တောင်ပိုင်းရှိ လူဝီစီးယားနား ၊ မစ္စစ္စပီ နှင့် အလ်ဘားမား ပြည်နယ် သုံးခုတွင် Ida မုန်တိုင်းကြောင့် အနည်းဆုံး သေဆုံးသူ ၁၇ ဦးရှိခဲ့သည်။ အရှေ့မြောက်ပိုင်းတွင် Ida မုန်တိုင်းကြောင့် စံချိန်တင်မိုးရွာသွန်းခဲ့ပြီး ဗာဂျီးနီးယား ၊ နယူးယောက် နှင့် ကွန်နက်တီကက် ပြည်နယ်များတွင် အနည်းဆုံး လူပေါင်း ၅၀ သေဆုံးခဲ့ရကြောင်း သိရသည်။

Ida မုန်တိုင်းသည် ၂၀၂၀ ပြည့်နှစ်က တိုက်ခတ်ခဲ့သော Laura ဟာရီကိန်းမုန်တိုင်း နှင့် လူဝီစီးယားနားပြည်နယ်တွင် အပြင်းထန်ဆုံး တိုက်ခတ်ခဲ့သည့် ၁၈၅၆ ခုနှစ်က ဖြစ်ပွားခဲ့သော Last Island ဟာရီကိန်းမုန်တိုင်း တို့နှင့်အတူ အပျက်အစီးများစွာဖြစ်ပေါ်ခဲ့ရသည့် Katrina ကတ်တရီးနားဟာရီကိန်း မုန်တိုင်းတိုက်ခတ်ခြင်း ၁၆ နှစ်ပြည့် အခါသမယတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုအခါ Ida မုန်တိုင်းသည် အမေရိကန်နိုင်ငံ၌ လေးနှစ်တာကာလအတွင်း လူသေဆုံးမှုအများဆုံးဖြစ်ပွားခဲ့ရသော ဟာရီကိန်းမုန်တိုင်းဖြစ်သလို ၂၀၁၂ ခုနှစ်က လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ရသည့် အရှေ့မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော Superstorm Sandy မုန်တိုင်းနောက်ပိုင်း လူသေဆုံးမှုအများဆုံး မုန်တိုင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
13 dead, 500,000 customers out of power in U.S. Louisiana week after Ida

HOUSTON, Sept. 6 (Xinhua) — Thirteen people have died and nearly 500,000 homes and businesses remain out of power as of Monday afternoon in southern U.S. state of Louisiana, one week after Ida’s landfall as a Category 4 hurricane in the coastal state, according to the tracking website PowerOutage.us.
Most residents in New Orleans, the state’s largest city, will have power by Wednesday, but some of the hardest-hit areas may be in the dark until the end of this month, Entergy, the major power provider in the state, estimates.
Ida damaged or destroyed more than 22,000 power poles, 26,000 spans of wire and 5,261 transformers, according to a USA Today report, citing the company as the source.
At the peak, 902,000 customers had lost power, said the report.
Entergy said during the weekend that some 24,000 people were working “around the clock” to restore power.
In another development, the Louisiana Department of Health confirmed the state’s 13th Ida-related death on Sunday. A 74-year-old man in Orleans Parish died from heat during the power outage.
The state’s death toll also includes five nursing home residents evacuated ahead of the hurricane along with hundreds of other seniors to a warehouse, where health officials said conditions became unsafe, said the USA Today report.
In total, at least 17 deaths were blamed on Ida in the three southern U.S. states of Louisiana, Mississippi and Alabama. In the Northeast, Ida’s remnants dumped record-breaking rain and killed at least 50 people in Virginia, New York and Connecticut.
Ida landed on the 16th anniversary of Hurricane Katrina’s destructive strike, tying with 2020’s Hurricane Laura and the Last Island Hurricane of 1856 as the strongest ever to hit Louisiana.
Up to now, Ida is the deadliest hurricane the United States has seen in four years and the deadliest storm in the Northeast since 2012’s Superstorm Sandy, which killed more than 100 people, according to local media reports.

Photo-1 A tree is seen snapped off by Hurricane Ida in Houma, Louisiana, the United States, Aug. 30, 2021. (Photo by Nick Wagner/Xinhua)
Photo – 2 Power line poles are seen downed by Hurricane Ida in Houma, Louisiana, the United States, Aug. 30, 2021. (Photo by Nick Wagner/Xinhua)