Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က ဘာဘေးဒိုးစ် နိုင်ငံ၏ ပထမဆုံးသမ္မတထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘာဘေးဒိုးစ် နိုင်ငံ(Barbados) ၏ ပထမဆုံး သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဆန်ဒြာမေဆန်(Sandra Mason) ထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာ ၃၀ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။အဆိုပါသဝဏ်လွှာထဲတွင် ရှီက ဘာဘေးဒိုးစ် နိုင်ငံ၏ ပထမဆုံးသမ္မတအဖြစ် မေဆန် ရွေးချယ်တင်မြှောက်ခြင်းခံရအပေါ် ၎င်းအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက် သည် ဘာဘေးဒိုးစ် နိုင်ငံ၏ ၅၅ နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယလည်းဖြစ်ကြောင်း ရှီက ပြောကြားခဲ့ပြီး ထိုသို့မင်္ဂလာရှိသော ရက်မြတ်အချိန်အခါပေါ် ၎င်းအနေဖြင့် နွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း မှတ်ချက်ပြုခဲ့သည်။

ဘာဘေးဒိုးစ် ပြည်သူများ၏ ဇွဲလုံးလဝိရိယ နှင့် ဉာဏ်အမြော်အမြင်ဖြင့် မဆုတ်မနစ် ကြိုးပမ်း အားထုတ်မှုများနှင့်အတူ ၎င်း၏နိုင်ငံတည်ဆောက်ရေးတွင် ရှုထောင့်အသီးသီး၌ ကြီးမားသော အောင်မြင်မှုများကို အသေအချာလုပ်ကိုင်ဆောင်ရွက်နိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ကြောင်း တရုတ်နိုင်ငံသမ္မတက ဆိုသည်။

သမ္မတရှီက တရုတ်- ဘာဘေးဒိုးစ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လွန်စွာအရေးပါပုံကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံ နှင့် ၎င်းတို့၏ ပြည်သူများအတွက် အကျိုးရလဒ်များ ဆောင်ကြဉ်းပေးရန် မြင့်မားသောဆက်ဆံရေးအဆင့်သို့ တက်လှမ်းကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် သမ္မတ မေဆန်နှင့်အတူ ဆောင်ရွက်သွားရန် အသင့်ရပ်တည်လျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

………………………………………….
(English Version)
Xi sends congratulations to Barbados’ 1st president

BEIJING, Dec. 1 (Xinhua) — Chinese President Xi Jinping on Tuesday congratulated Sandra Mason on assuming office as the first president of Barbados.
In his message, Xi said he is glad to learn that Mason has assumed office as the first president of Barbados.

Noting Tuesday also marks Barbados’ 55th anniversary of independence, Xi said he would like to extend his warm congratulations.
The Chinese president voiced confidence that with the unremitting efforts of the diligent and intelligent Barbados people, the country will surely make greater achievements in all aspects in its national building, Xi said.

Xi said he attaches great importance to the development of China-Barbados relations, and stands ready to work with Mason to lift bilateral friendly cooperation to higher levels so as to benefit the two countries and their peoples. Enditem