Connect with us

China

သမ္မတရှီကျင့်ဖိန်က ဥဇဘက် သမ္မတအဖြစ် ရွေးချယ်ခံရသည့် Mirziyoyev ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် Shavkat Mirziyoyev က ဥဇဘက်ကစ္စတန်နိုင်ငံ၊ Tashkent မြို့၌ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် မိန့်ခွန်းပြေားကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် Shavkat Mirziyoyev ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၅ ရက်က ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာထဲတွင် “သမ္မတ Mirziyoyev တက်လာပြီးကတည်းက ဗဟိုအာရှဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့ရာ “ဥဇဘက်ကစ္စတန်နိုင်ငံသစ်” တည်ဆောက်မှုတွင် အားတက်ဖွယ်ရာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း” ရှီက ထောက်ပြခဲ့သည်။
Mirziyoyev ၏ ဦးဆောင်မှုအောက်တွင် ဥဇဘက်ကစ္စတန်နိုင်ငံသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ လုပ်ငန်းအမျိုးမျိုးတွင် ပိုမိုကြီးမားသော အောင်မြင်မှုများ နှင့် လုပ်ဆောင်မှုအသစ်ကို ပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နှင့် ဥဇဘက်ကစ္စတန်တို့ကြားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ပြီးကတည်းက နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာခဲ့ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

“ တရုတ်-ဉကဘက်ကစ္စတန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့ သိပ်ကိုအရေးကြီးသလို နှစ်နိုင်ငံ နဲ့ ပြည်သူတွေ အကျိုးစီးပွားဖြစ်ထွန်းဖို့ တရုတ်-ဥဇဘက်ကစ္စတန်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု စာမျက်နှာသစ် ပူးတွဲရေးသားရင်း လာမယ့်နှစ်မှာ ကျရောက်မယ့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၃၀ ပြည့် အခမ်းအနား အတူဆင်နွှဲမယ့် အခွင့်အရေးကို အတူတကွ လုပ်ဆောင်သွားဖို့ အသင့်ရှိပါတယ်” ဟု ရှီက ဆိုသည်။ (Xinhua)

——————————–
(English Version)
Xi congratulates Mirziyoyev on election as Uzbek president
BEIJING, Oct. 26 (Xinhua) — Chinese President Xi Jinping has congratulated Shavkat Mirziyoyev on his re-election as Uzbekistan’s president.
In a congratulatory message sent on Monday, Xi pointed out that the construction of a “New Uzbekistan” has seen encouraging achievements since President Mirziyoyev took office, making important contributions to the stability and development of Central Asia.
Xi expressed his confidence that under Mirziyoyev’s leadership, Uzbekistan will make new and greater achievements in various undertakings of national development.
Cooperation in various fields between China and Uzbekistan has been continuously deepened since the two countries established diplomatic relations, he stressed.
“I attach great importance to the development of China-Uzbekistan relations and stand ready to work with you to take the opportunity of celebrating the 30th anniversary of bilateral diplomatic ties next year to jointly write a new chapter in the development of the China-Uzbekistan comprehensive strategic partnership so as to benefit the two countries and their peoples,” Xi said. (Xinhua)

Shavkat Mirziyoyev speaks after winning the presidential election in Tashkent, Uzbekistan, Oct. 25, 2021. (Photo by Zafar Khalilov/Xinhua)