Connect with us

China

သမ္မတရှီက G20 အစည်းအဝေး၌ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ပေကျင်းမြို့မှနေ၍ ၁၆ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ၏ ပထမပုံမှန် အစည်းအဝေးသို့ ဗီဒီယိုလင့်ခ်ဖြင့်တက်ရောက် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၁၆ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ ဗီဒီယိုလင့်ခ်မှတဆင့် တက်ရောက်မိန့်ခွန်းပြောကြားစဉ် လက်တွေ့ကျသော အကောင်အထည်ဖော် လုပ်ဆောင်မှုကို ဗဟိုပြုခြင်း နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မြှင့်တင်ခြင်း အတွက် အောက်တိုဘာ ၃၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

ရှီက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်များအတွက် အလေးထားခြင်းနှင့် တိုးတက်အောင်ဆောင်ရွက်ခြင်းများ ပိုမိုလုပ်ဆောင်သွားကြရန် တိုက်တွန်းခဲ့ပြီး ဆင်းရဲနွမ်းပါးတိုက်ဖျက်မှု ၊ အစားအသောက်လုံခြုံမှု ၊ စက်မှုလုပ်ငန်းအသွင်ပြောင်း ဖော်ဆောင်မှု ၊ ချိတ်ဆက်ဆောင်ရွက်မှုတို့အပါအဝင် အဓိကကျသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ပြီးခဲ့သော စက်တင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ အစားအသောက် ဆုံးရှုံးခြင်းနှင့်ဖြုန်းတီးခြင်းဆိုင်ရာ ညီလာခံကို ကျင်းပခဲ့ပြီး ၊ ယင်းဖြစ်စဉ်အား G20 ပလက်ဖောင်းမှတဆင့် တရုတ်လူမျိုးတို့၏ ဉာဏ်အမြော်အမြင် နှင့် ဖြေရှင်းပုံများကို ပိုမို စီမံဆောက်ရွက်သွားရန် စိတ်ဆန္ဒရှိကြောင်း ရှီက ဆိုသည်။ (Xinhua)

————————————
(English Version)
Xi stresses advancing pragmatic cooperation G20

BEIJING, Oct. 31 (Xinhua) — Chinese President Xi Jinping on Sunday stressed adhering to being action-oriented and advancing pragmatic cooperation when he addressed the 16th G20 Leaders’ Summit via video link.
Calling for more input into development and attention to developing countries’ needs, Xi urged enhanced cooperation in key areas including poverty alleviation, food security, industrialization, and connectivity.
China held the International Conference on Food Loss and Waste in September, and is willing to provide more Chinese wisdom and solutions via the G20 platform, Xi said.

Chinese President Xi Jinping addresses the first session of the 16th Group of 20 (G20) Leaders’ Summit via video link in Beijing, capital of China, Oct. 30, 2021. (Xinhua/Li Xueren)