Connect with us

Science & Technology

ဟွာဝေးက အီသီယိုးပီးယား ICT ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်

အာဒစ်အာဘာဘာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ တွင် ဟွာဝေးကုမ္ပဏီက ဦးစီးကျင်းပသော တတိယမြောက် အမျိုးသားသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) ပြိုင်ပွဲ ဖြစ်သည့် ဟွာဝေးအိုင်စီတီပြိုင်ပွဲ အီသီယိုးပီးယား ၂၀၂၁ ပြိုင်ပွဲတွင် ဆုရရှိသူများအား တရုတ်တယ်လီကွန်း ကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးက သြဂုတ် ၂၆ ရက်တွင် ဆုချီးမြှင့်ခဲ့သည်။ဆက်သွယ်မှုခမ်းနားထည်ဝါသောအနာဂတ် ခေါင်းစဉ် ဖြင့် ကျင်းပသည့် ပြိုင်ပွဲသည် တစ်နိုင်ငံလုံး တွင် ယှဉ်ပြိုင်သူပေါင်း ၁,၀၀၀ ကျော်အား ဆွဲဆောင်နိုင်ခဲ့သည်။

၆ ကြိမ်မြောက် ကမ္ဘာ့ အိုင်စီတီ ပြိုင်ပွဲ၏တစ်စိတ်တစ်ပိုင်းအဖြစ်၎င်း ပြိုင်ပွဲကို မေလ၌တရားဝင်စတင်ကျင်းပခဲ့ပြီး အီသီယိုးပီးယား၏ ICT စွမ်းရည်နှင့် ဂေဟစနစ် ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်စေရန် ဟာဝေး၏ မဟာဗျူဟာအမြင်ဖြင့် ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲသည်အီသီယိုးပီးနိုင်ငံရှိ အိုင်စီတီစွမ်းရည် ဂေဟစနစ်အားပျိုးထောင်ရန် ကုမ္ပဏီ၏ ကတိကဝတ်တည်မှုအားပြသနိုင်ခဲ့ကြောင်း အီသီယိုးပီးယားနိုင်ငံရှိ ဟွာဝေးမှ အမှုဆောင်အရာရှိချုပ် Mingliang ကပြောသည်။

နောက်ဆုံးပြိုင်ပွဲကို တက္ကသိုလ် ၇ ခုမှ ထူးချွန် အုပ်စု ၆ခု ဖြင့် ထိပ်တန်းပညာရှင် ၂၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အနိုင်ရရှိသူများအနေဖြင့် အီသီယိုးပီးယားနိုင်ငံလက်ရွေးစင်အဖြစ် ဒေသတွင်းဗိုလ်လုပွဲစဉ် နှင့် ကမ္ဘာလုံးဆိုင်ရာ ဗိုလ်လုပွဲစဉ် 2022 တို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)

Huawei awards Ethiopia ICT competition winners

ADDIS ABABA, Aug. 27 (Xinhua) — Chinese telecom giant Huawei on Thursday awarded winners of Huawei ICT Competition Ethiopia 2021, the third national information and communication technologies (ICT) competition of Huawei Ethiopia.

Themed “Connection, Glory, Future,” the competition has attracted more than 1,000 participants from all over the country.
The competition was officially launched in May as part of the 6th Global ICT Competition, and also in view of Huawei’s strategy to develop Ethiopia’s ICT talents and innovation ecosystem.
Huawei Ethiopia CEO Chen Mingliang said that the competition showcased the company’s commitment to cultivating the ICT talent ecosystem in Ethiopia.

The final competition was held among 20 top performers and six outstanding groups from seven universities.
The winners will be provided the chance to take part in the Regional Final and Global Final 2022 as Ethiopia’s national team. Enditem