Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလစ်ပါပန်မြို့၌ ယာဉ်ချင်းဆင့်တိုက်မှုကြောင့် လူ ၄ ဦးသေဆုံး၊ ၂၂ ဦးထိခိုက်ဒဏ်ရာရရှိ

ဂျကာတာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ ဘက်ရှိ ကလီမန်တန်ပြည်နယ်ဘာလစ်ပါပန်မြို့၌ ယာဉ်ချင်းဆင့်တိုက်မိမှုများကြောင့် လူလေးဦး သေဆုံးပြီး အခြားသူ ၂၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက တောင်ဆင်းလမ်းပေါ်မှ မောင်းနှင်လာသည့် ကွန်တိန်နာထရပ်ကားတစ်စီးသည် ဘာလစ်ပါပန်မြို့ Muara Rapak နယ်မြေရှိ မီးပွိုင့်၊ မီးနီနေစဉ် တန်းစီရပ်တန့်နေသော မော်တော်ယာဉ်များအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အထွေထွေစစ်ဆေးရေးမှူး Dedi Prasetyo က ပြောကြားခဲ့သည်။

“ယာဉ်မောင်းရဲ့ပြောကြားချက်အရ ထရပ်ကားရဲ့ဘရိတ်က မမိဘူး” ဟု Prasetyo မှ ပြောကြားခဲ့သည်။ဒဏ်ရာရရှိသူတွေထဲက တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိပြီး လေးဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း၊ အခြားသူ ၁၇ ဦးမှာမူ ဒဏ်ရာအနည်းငယ်စီသာ ရရှိထားကြောင်း၊ ၎င်းတို့အားလုံးကို အနီးဆုံးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားရသော အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
4 dead, 22 injured in multiple-vehicle crash in Indonesia’s Balikpapan

JAKARTA, Jan. 21 (Xinhua) — Four people died and 22 others were injured in a multiple-vehicle crash in Indonesia’s Balikpapan city, East Kalimantan province, a police officer said Friday.

A container truck running on a downhill road on Friday morning hit vehicles that were queuing for a red traffic light in Muara Rapak area, Balikpapan, the National Police’s spokesperson Inspector General Dedi Prasetyo said.

“According to the driver, the truck’s brakes didn’t work,” Prasetyo said. Of the injured, one is in a critical condition, four are seriously wounded, and 17 others suffer minor injuries. All the victims have been rushed to a nearest medical facility.
The investigation into the cause of the accident is still underway. Enditem