Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန်မျိုးဗီဇပြောင်းပိုးကြောင့် ပထမဆုံး လူနှစ်ဦး သေဆုံးမှု ဖြစ်ပွား

ဂျကာတာ ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန် ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်ပွားမှုများ မြင့်တက်လာချိန်တွင် ယင်းမျိုးဗီဇပြောင်းပိုးကြောင့် ပထမဆုံးအကြိမ် သေဆုံးမှု ၂ ခုဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Siti Nadia Tarmizi က သေဆုံးသူ တစ်ဦးမှာ Banten ပြည်နယ်၌ ပြည်တွင်းကူးစက်ခံရသူ ဖြစ်ပြီး နောက်ထပ် တစ်ဦးမှာ နိုင်ငံတကာ ခရီးသွား ဖြစ်ကာ ဂျကာတာမြို့၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းသေဆုံးသွားသူ နှစ်ဦးလုံးတွင် နာတာရှည်ရောဂါများ ရှိကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Siti Nadia Tarmizi က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက အိုမီခရွန်မျိုးဗီဇပြောင်းပိုး ပထမဆုံး ဖြစ်ပွားမှု စတင်တွေ့ရှိခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစ၍ အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန်မျိုးဗီဇပြောင်းပိုး ကူးစက်ခံရသူ စုစုပေါင်း ၁,၁၆၁ ဦး ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၌ နေ့စဉ် COVID-19 ရောဂါဖြစ်ပွားမှုအရေအတွက်သည် ဇန်နဝါရီ ၁၇ ရက်တွင် ၇၇၂ ဦးမှ ဇန်နဝါရီ ၂၂ ရက်တွင် ၃,၂၀၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများသည် COVID-19 ရောဂါအား ကိုင်တွယ်ဖြေရှင်းရန် ဆေးရုံများရှိ ဝင်ဆံ့သော လူနာကုတင်အရေအတွက်အား တိုးမြှင့်ခဲ့ပြီး အပျော့စား နှင့် အလယ်အလတ် ရောဂါလက္ခဏာရှိသော COVID-19 လူနာများအတွက် ဖုန်းဖြင့်ဆက်သွယ်၍ ဆေးဝါးကုသမှုအား အသုံးပြုရန် အရှိန်မြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)

Indonesia reports 1st two deaths from Omicron variant

JAKARTA, Jan. 22 (Xinhua) — Indonesia’s Ministry of Health confirmed the first two deaths from the Omicron coronavirus variant on Saturday amid a spike in cases triggered by the more infectious virus.

The ministry’s spokesperson Siti Nadia Tarmizi said one case was locally infected in Banten province and the other was an international traveler who passed away in the capital Jakarta.
“Both patients have comorbidities,” Tarmizi said.
Indonesia has recorded a total of 1,161 cases of the Omicron variant since Dec. 15 last year, when the Ministry of Health detected the first case of the more infectious variant.
The number of daily COVID-19 cases in the Southeast Asian nation jumped to 3,205 on Saturday from 772 on Monday.
Authorities have increased bed capacity in hospitals to deal with COVID-19 and intensified access to telemedicine for coronavirus patients with mild and moderate symptoms. Enditem
Photo – A medical worker takes a swab sample from a resident for COVID-19 test in Jakarta, Indonesia, Jan. 10, 2022. (Xinhua/Zulkarnain)