Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကမ်းလွန်၌ ခရီးသည်တင်သင်္ဘောတိမ်းမှောက်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း ရှိ Gilimanuk ဆိပ်ကမ်း၌ Yunicee သင်္ဘောနစ်မြုပ်ပြီးနောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး (SAR) အဖွဲ့ဝင်များ ရှာဖွေရေးအတွက် ပြင်ဆင်နေသည်ကို ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကမ်းလွန်၌ ဇွန် ၂၉ ရက်က လူပေါင်းများစွာလိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၆ ဦး သေဆုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦး နှင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။ခရီးသည် ၄၁ ဦး နှင့် သင်္ဘောသား ၁၅ ဦး လိုက်ပါလာသော Yunicee သင်္ဘောသည် ၎င်းဆိုက်ကပ်ရမည့် ဘာလီရှိ Gilimanuk ဆိပ်ကမ်းသို့ မရောက်ရှိမီ ဇွန် ၂၉ ရက် ညနေပိုင်းက နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း အရှေ့ဂျာဗားပြည်နယ်၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး အကြီးအကဲ Wayan Suyatna က ဆင်ဟွာသို့ တယ်လီဖုန်းဖြင့်ဖြေကြားခဲ့သည်။

“ကျွန်တော်တို့ ဒီမတော်တဆမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသစံတော်ချိန် ည ရး၀၆နာရီမှာ သတင်းရပါတယ်။ ချက်ချင်းဆိုသလိုပဲ ကျွန်တော်တို့ရဲ့လူတွေ အခင်းဖြစ်တဲ့နေရာကို သွားရောက်ခဲ့ပါတယ်’’ ၎င်းကဆိုသည်။ အဆိုပါ သင်္ဘောသည် အရှေ့ဂျာဗားပြည်နယ်အနီး Ketapang ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

မမျှော်လင့်နိုင်သည့်ရာသီဥတုဖြစ်စဉ်ကြောင့် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “လှိုင်းတွေကအရမ်းမြင့်တယ်။ မတော်တဆဖြစ်တဲ့ ညနေပိုင်းမှာ ရာသီဥတုအရမ်းဆိုးရွားခဲ့တယ်’’ ဟု Suyatna ကပြောသည်။
“အမျိးသား ၃ ဦး နဲ့ အမျိုးသမီး ၃ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့တယ်။’’ ဟု Jembrana ခရိုင် Gilimanukဆိပ်ကမ်း ရဲတပ်ဖွဲ့ ခေါင်းဆောင် Ketut Gede Adi Wibawa က ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို အနီးအနားရှိ ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းရဲအရာရှိကဆိုသည်။
ယခုအချိန်အထိ လူ ၄၄ ဦး အား ကယ်တင်နိုင်ခဲ့ပြီး ၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Ketut ကဆိုသည်။ (Xinhua)

——————————————————–
(English Version)

6 killed, 6 missing as passenger ship sinks in waters off Indonesia’s Bali

JAKARTA, June 29 (Xinhua) — Six people were killed as a passenger ship with dozens of people on board went down in waters off Bali Island of Indonesia on Tuesday and the evacuation has been under way, a rescuer and a senior police officer said.

The ship Yunicee with 41 passengers and 15 crew members aboard sank before reaching its destination of Gilimanuk seaport in Bali on Tuesday evening, head of Operation Affairs of Search and Rescue Office in East Java Province I Wayan Suyatna, told Xinhua via phone.

“We got information about the accident at 7:06 p.m. local time and our personnel immediately headed to the scene,” he said, citing that the ship departed from Ketapang seaport in nearby East Java province.

Unfavorable weather conditions were believed to be the cause of the accident. “The waves were very high. The weather was very bad during the accident in the evening,” said Suyatna.

“Six people were killed, including three males and three females,” head of the Jembrana district police in Gilimanuk, Bali, I Ketut Gede Adi Wibawa, told Xinhua via phone.

The bodies of the victims were brought to the nearby health clinic, the police officer said.
So far 44 people have been rescued safely and six are still missing, said Ketut. Enditem