Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်းပြည်နယ်တွင် ကျေးရွာပေါင်း ၄၀ ထက်မနည်း ရေလွှမ်းမိုးမှု ခံစားရ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Bekasi မြို့တွင် မိုးသည်းထန်ခြင်းနှင့် Citarum မြစ်ရေလျှံခြင်းကြောင့် ရေလွှမ်းမိုးခံရသည့်နေအိမ်များအား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း Aceh ပြည်နယ်၊ Aceh Jaya ခရိုင်တွင် ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းမှစ၍ အဆက်မပြတ်ရွာသွန်းသောမိုးကြောင့် ကျေးရွာ ၄၀ ထက်မနည်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရကြောင်း ဒေသခံ သဘာဝဘေးလျော့ပါးရေးအေဂျင်စီက ပြောကြားခဲ့သည်။“ရေလွှမ်းမိုးခံရတဲ့ ကျေးရွာ ၄၀ လောက်ရှိတဲ့သတင်း ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ အချက်အလက်တွေ စုဆောင်းနေတဲ့အတွက် အရေအတွက်တွေကတော့ မြင့်တက်နိုင်ပါတယ်” ဟု Aceh Jaya ဒေသဆိုင်ရာ အေဂျင်စီအကြီးအကဲ Fajri ၏ ဇူလိုင် ၆ ရက်က ပြောကြားချက်အား ကိုးကား၍ Antara သတင်းအေဂျင်စီက ဖော်ပြထားသည်။

အေဂျင်စီအနေဖြင့် Krueng Sabe နှင့် Setia Bakti ခရိုင်ခွဲများ အပါအဝင် ရေလွှမ်းမိုးဒဏ်ခံရသည့် ကျေးရွာများ၌ ရေကြီးရေလျှံမှုများ လျော့ပါးရေးကူညီရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း Fajri က ပြောခဲ့သည်။

“အဲဒီခရိုင်ခွဲတွေ အထူးသဖြင့် ခရိုင်ခွဲ အကြီးအကဲတွေအနေနဲ့ လယ်ကွင်းတွေမှာ ဖြစ်ပွားမှုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ဖို့နဲ့ ရေလွှမ်းမိုးခံရတဲ့ ကျေးရွာတွေ ကျွန်တော်တို့ကို သတင်းပို့ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

ရေလွှမ်းမိုးမှုကြောင့် လူသေဆုံးခြင်း သို့မဟုတ် ပျက်စီးမှု သတင်းများ လက်ခံရရှိခြင်း မရှိသေးကြောင်း Fajri က ပြောခဲ့သည်။

အမျိုးသား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဆိုင်ရာအေဂျင်စီက လာမည့်ရက်များအတွင်း အင်ဒိုနီးရှားနိုင်ငံရှိ နေရာအတော်များများ၌ ရေလွှမ်းမိုးခြင်း အပါအဝင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် သတိပေးထားကြောင်း သိရသည်။ (Xinhua)

—————————–i———————-
( English Version)

Floods hit 40 villages in westernmost Indonesian province

JAKARTA, July 6 (Xinhua) — At least 40 villages have been struck by floods triggered by incessant rains since Monday afternoon in Aceh Jaya district, Indonesia’s westernmost Aceh province, the local disaster mitigation agency said.

“We have received a report on the flooded 40 villages. Now we are collecting data as the number could increase,” Fajri, head of the agency’s Aceh Jaya chapter, was quoted by Antara news agency as saying on Tuesday.

Fajri said the agency has sent a team to help mitigate floods in the affected villages including those in Krueng Sabe and Setia Bakti sub-districts.

“We hope that the sub-districts, especially the sub-district heads, will continue to monitor developments in the fields and report to us the inundated villages,” he said.
Fajri said he has yet to receive reports on casualties or damages due to the flooding.

The National Meteorology, Climatology and Geophysics Agency has warned of possible natural disasters including floods that could occur within days in a number of areas of Indonesia. Enditem
Photo : Aerial photo taken on Feb. 22, 2021 shows houses submerged by flood due to high intensity of rainfall and the overflow of Citarum River at Bekasi, West Java, Indonesia. (Photo by Arya Manggala/Xinhua)