Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူအာပြည်နယ်တွင် ရပ်ကွက်လူအုပ်စုများအကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ၁၉ ဦးသေဆုံး၊ အမြောက်အများဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Cakung ခရိုင်ရှိ မီးလောင်နေသော ပရိဘောဂစက်ရုံအား မီးသတ်သမားများက မီးငြှိမ်းသတ်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူအာပြည်နယ် ဆိုရွန်မြို့ရှိ ရပ်ကွက်လူအုပ်စုနှစ်ခုကြား ဇန်နဝါရီ ၂၅ ရက် နံနက်အစောပိုင်းက ခိုက်ရန်ဖြစ်ပွားပြီးနောက် နိုက်ကလပ်မီးလောင်သွားခဲ့ရာ လူ ၁၉ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုသည် Double O Executive Karaoke & Club အတွင်း ညသန်းခေါင်ယံအချိန်က စတင်ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် အဆောက်အအုံမီးမလောင်မီအထိ ဆက်လက်၍ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဆင့်မြင့်ကော်မရှင်နာ Adam Erwindi က ပြောခဲ့သည်။

“ခိုက်ရန်ဖြစ်ပွားပြီးနောက် အဆောက်အအုံထဲမှာ ရုပ်အလောင်း ၁၈ ခုတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း ၁၉ ဦးရှိသွားပါပြီ။ အများအပြားလည်း ဒဏ်ရာရခဲ့တယ်” ဟု ရဲအရာရှိက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း Metro TV အား ပြောကြားခဲ့သည်။

နိုက်ကလပ်အပြင်ဘက်တွင်လည်း ကားများစွာ မီးလောင်နေသည်ကို ရုပ်သံပြကွက်၌ ပြသထားသည်။ (Xinhua)

—————————————-
(English Version)
19 killed, several injured in clash between community groups in Indonesia’s West Papua
JAKARTA, Jan. 25 (Xinhua) — Nineteen people were found dead in a nightclub, which caught fire, following a clash between two community groups in Sorong city of Indonesia’s West Papua province earlier Tuesday, a police spokesman said.
Provincial Police Spokesman Senior Commissioner Adam Erwindi said the clash started at midnight in the Double O Executive Karaoke & Club, killing one person, and then the clash continued before the building caught fire.
“After the clash, it was found 18 other bodies inside the building. So the total casualty is 19 people,” the police officer told local Metro TV in a live broadcast, adding several others were wounded.
The television footage showed several cars were burned outside the nightclub. Enditem

Photo : Firefighters try to extinguish fire at a furniture factory in Cakung, Jakarta, Indonesia, Aug. 9, 2020. No casualties were reported at this fire. (Photo by Dasril Roszandi/Xinhua)