Connect with us

Africa & Middle East

အစ္စရေးဒုံးကျည်တိုက်ခိုက်မှု ဆီးရီးယားပင်လယ်ဆိပ်ကမ်း ထိမှန်ပျက်စီး

အစ္စရေးဒုံးကျည် တိုက်ခိုက်ခံရသည့် ဆီးရီးယားနိုင်ငံ Latakia မြို့ စီးပွားရေးပင်လယ်ဆိပ်ကမ်း၌ ဆီးရီးယားကယ်ဆယ်ရေးသမားများအား ဒီဇင်ဘာ ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

LATAKIA ၊ ဆီးရီးယား ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းမြို့ Latakia ၏ စီးပွားရေးပင်လယ်ဆိပ်ကမ်းသို့ ဒီဇင်ဘာ ၂၈ ရက်အစောပိုင်းတွင် အစ္စရေးနိုင်ငံက ဒုံးကျည်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ ကုန်သေတ္တာထားရာ စင်္ကြံနေရာများ ထိခိုက်ပျက်စီးခဲ့ပြီး မီးလောင်ကျွမ်းမှု အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစ္စရေးဒုံးကျည် တိုက်ခိုက်ခံရသည့် ဆီးရီးယားနိုင်ငံ Latakia မြို့ စီးပွားရေးပင်လယ်ဆိပ်ကမ်း၏ ကုန်သေတ္တာဂိတ်၌ မီးလောင်မှုဖြစ်ပွားနေသည်ကို ဒီဇင်ဘာ ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးဒုံးကျည် တိုက်ခိုက်ခံရသည့် ဆီးရီးယားနိုင်ငံ Latakia မြို့ စီးပွားရေးပင်လယ်ဆိပ်ကမ်း၌ ဆီးရီးယားကယ်ဆယ်ရေးသမားများအား ဒီဇင်ဘာ ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးဒုံးကျည် တိုက်ခိုက်ခံရသည့် ဆီးရီးယားနိုင်ငံ Latakia မြို့ စီးပွားရေးပင်လယ်ဆိပ်ကမ်း၌ မီးခိုးများ လွင့်ပျံတက်လာနေသည်ကို ဒီဇင်ဘာ ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယင်းမှာ ဒီဇင်ဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအပြီး ယခုလတွင် ဆီးရီးယားဆိပ်ကမ်းအား ထိမှန်ခဲ့သည့် အစ္စရေး၏ ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်သည်။

အစ္စရေးနိုင်ငံသည် ဆီးရီးယားနိုင်ငံအတွင်း အီရန်ကျောထောက်နောက်ခံပြုထားသော ပြည်သူ့စစ်များအား ပစ်မှတ်ထားသည် ဆိုသည့် မူမမှန်သော အကြောင်းပြချက်ဖြင့် ဆီးရီးယားနိုင်ငံအား မကြာခဏ ဒုံးကျည်များ ပစ်ခတ်ခဲ့ရာ ဆီးရီးယားနိုင်ငံက နိုင်ငံ၏ အချုပ်အခြာအာဏာအား ချိုးဖောက်သည့် ယင်းလုပ်ရပ်များကို ရပ်တန့်ရန် အစ္စရေးနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးရန်အတွက် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)
Mideast in Pictures: Israeli missile attack hits Syrian seaport
LATAKIA, Syria, Dec. 29 (Xinhua) — Israel launched a missile attack at the commercial seaport of Syria’s coastal city of Latakia on early Tuesday, leaving damages to the container terminal and caused a huge fire.
It is the second such Israeli attack hitting the Syrian port this month following the Dec. 7 strike. Israel frequently fires missiles on Syria on the pretext that it targets the Iranian-backed militia inside the country, and Syria has repeatedly called for international pressure on Israel to stop its acts of violating Syria’s sovereignty.
Photo 1 – Syrian rescuers work at the site of an Israeli missile attack at the commercial seaport in Latakia, Syria, on Dec. 28, 2021. (Str/Xinhua)
Photo 2 – A fire caused by Israeli missile attack rages at the container terminal of the commercial seaport in Latakia, Syria, on Dec. 28, 2021. (Str/Xinhua)
Photo 3 – Syrian rescuers work at the site of an Israeli missile attack at the commercial seaport in Latakia, Syria, on Dec. 28, 2021. (Str/Xinhua)
Photo 4 – Black smoke rises after an Israeli missile attack hitting the commercial seaport in Latakia, Syria, on Dec. 28, 2021. (Str/Xinhua)■