Connect with us

COVID-19 UPDATES

အစ္စရေးနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ

အစ္စရေးနိုင်ငံ အလယ်ပိုင်း Tel Aviv ၌ COVID-19 ကာကွယ်ဆေး တတိယမြောက်ထိုးနှံမှုခံယူနေသော အမျိုးသားတစ်ဦးအား ၂၀၂၁ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Gideon Markowicz/JINI via Xinhua)

ဂျေရုဆလင်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ဆက်သွယ်ရေးဝန်ကြီး Yoaz Hendel က ၎င်းတွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ဇန်နဝါရီ ၂၇ ရက်က ကြေညာခဲ့သည်။

၎င်းသည် အစ္စရေးနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်သူ့လုံခြုံရေးဝန်ကြီး၊ ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဝန်ကြီးများပြီးနောက် ရောဂါကူးစက်ခံရသည့် ၇ ဦးမြောက် ဝန်ကြီးဖြစ်လာခဲ့သည်။

ယခုကာလအတွင်း အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ကူးစက်မှုအသစ် ၆၇,၇၂၃ ဦး ရှိခဲ့ရာ နိုင်ငံတစ်ဝန်း ကူးစက်ခံရသူ စုစုပေါင်း ၂,၆၄၃,၀၂၆ ဦး အထိရှိလာခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကြောင့် ၂၂ ဦး ထပ်မံသေဆုံးခဲ့ရာ နိုင်ငံတစ်ဝန်း သေဆုံးသူစုစုပေါင်း ၈,၅၄၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊ လူနာများထဲတွင် ရောဂါအခြေအနေဆိုးဝါးသည့် လူနာအရေအတွက်မှာ ၈၈၈ ဦးမှ ၉၃၁ ဦးအထိ မြင့်တက်လာခဲ့ပြီး လက်ရှိရောဂါဖြစ်ပွားနေသူအရေအတွက်မှာမူ ၄၈၀,၅၀၁ ဦးသို့ ကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Israel’s communications minister tests COVID-19 positive
JERUSALEM, Jan. 27 (Xinhua) — Israeli Minister of Communications Yoaz Hendel announced on Thursday that he has tested positive for COVID-19.
He is the seventh Israeli minister infected with the virus after ministers of defense, finance, foreign affairs, public security, culture and sports, and construction and housing.
Meanwhile, Israel’s health ministry reported 67,723 new COVID-19 cases, bringing the total number of infections in the country to 2,643,026.
The death toll from the virus in the country rose to 8,541 with 22 new fatalities. The number of patients in serious condition rose from 888 to 931, while the tally of active cases decreased to 480,501. Enditem
Photo-An Israeli man receives a third jab of COVID-19 vaccine in the central Israeli city of Tel Aviv on Aug. 6, 2021. (Gideon Markowicz/JINI via Xinhua)