Connect with us

Europe

အစ္စရေး နှင့် အမေရိကန်တို့က Arrow-3 ပဲ့ထိန်းဒုံးကျည်ကြားဖြတ်ဟန့်တားရေးစနစ်ကို စမ်းသပ်မှုပြီးစီး

ဂျေရုဆလမ် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် Arrow- 3 ပဲ့ထိန်းဒုံးကျည်ကြားဖြတ်ဟန့်တားရေးစနစ်ကို အောင်မြင်စွာ စမ်းသပ်လွှတ်တင်နိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်တွင် ကြေညာခဲ့သည်။အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ စမ်းသပ်ကွင်းတစ်ခု၌ Arrow- 3 ပဲ့ထိန်းဒုံးကျည်ကြားဖြတ်ဟန့်တားရေးစနစ်သည် ဝေဟင်ပေါ်ရှိ ပစ်မှတ်တစ်ခုကို ရှာဖွေဖော်ထုတ်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ကြေညာချက်တွင် ပြောကြားခဲ့သည်။

ထိုသို့ အောင်မြင်စွာ စမ်းသပ်ပြီးစီးမှုသည် လက်ရှိကြုံတွေ့နေရသော ပြောင်းလဲဖြစ်ပေါ်နေသည့်ဒေသတွင်း ခြိမ်းခြောက်မှုများကို မိမိကိုယ်တိုင် ခုခံကာကွယ်ရန် အတွက် အစ္စရေးနိုင်ငံအတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ စမ်းသပ်သည့်နေရာတစ်ခု၌ ဇန်နဝါရီ ၁၈ ရက်တွင် ပဲ့ထိန်းဒုံးကျည်အား ကြားဖြတ်ဖျက်ဆီးသည့် Arrow-3 ဒုံးကျည်အား ပစ်လွှတ်စဉ်(Israel Ministry of Defense/Handout via Xinhua)

အစ္စရေးကာကွယ်ရေးဝန်ကြီး Benny Gantz က ခြိမ်းခြောက်မှုများကို မိမိတို့ကိုယ်တိုင် ခုခံကာကွယ်နိုင်မှုစွမ်းရည်နှင့်အတူ အစ္စရေးနိုင်ငံအား အသင့်ဖြစ်စေရေးခဲ့သည့် စမ်းသပ်မှုကို ချီးကျူးပြောကြားခဲ့သည်။

Arrow-3 စနစ်ကို ထပ်မံ အားဖြည့်ပေးလိုက်ဖြင့် အစ္စရေးနိုင်ငံအား မဟာဗျူဟာမြောက် လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးသည်ဟုဆိုသည်။

အမေရိကန် ဒုံးကျည်ကာကွယ်ရေးအေဂျင်စီ(MDA) ညွှန်ကြားရေးမှူး Jon Hill က ” Arrow စစ်လက်နက်စနစ် ရဲ့ စိန်ခေါ်မှုတိုင်းနဲ့ ကောင်းမွန်တဲ့သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့” ပုံစံထုတ်ထား ခြင်း ဖြစ်ကြောင်း ဆိုသည်။

ညွှန်ကြားရေးမှူး Jon Hill က အစ္စရေးနိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေး စွမ်းဆောင်ရည်အား အဆင့်မြှင့်တင်ရာတွင် MDA သည် ၎င်းတို့အား ကူညီသွားရန် ကတိပြုထားဆဲဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Arrow-3 လက်နက်စနစ်သည် ဂါဇာမှ ပစ်ခတ်လာသော တာတိုပစ် ဒုံးကျည်များအား ကြားဖြတ်ဟန့်တားပေးသည့် စနစ်တစ်ခု ဖြစ်သည့် Iron Dome ၊ တာလတ်မှ တာဝေးပစ် ဒုံးကျည်ကာကွယ်ရေးစနစ် ဖြစ်သည့် David’s Sling နှင့် တာဝေးပစ် Arrow-3 တို့ အပါအဝင် အစ္စရေးနိုင်ငံ၏ သံကွန်ခြာအဆင့်ဆင့် ကာကွယ်ရေးစနစ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် အစ္စရေးနိုင်ငံက အမေရိကန်နိုင်ငံနှင့် ပူးပေါင်းကာ Arrow-4 ဟု အမည်ပေးထားသည့် ပဲ့ထိန်းဒိုင်းစနစ်သစ်တစ်ခုအား ထုတ်လုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………………
(English Version)
Israel, U.S. complete test of Arrow-3 anti-ballistic missile system

JERUSALEM, Jan. 18 (Xinhua) — Israel and the United States have completed a successful flight test of the Arrow-3 ballistic missile interceptor, the Israeli Ministry of Defense announced on Tuesday.

At a test site in central Israel, the ballistic missile interceptor detected and destroyed a target in outer space, the ministry said in a statement.
The completion of the test was “an important milestone” for Israel to defend itself against existing and evolving threats in the region, said the statement.

Israeli Defense Minister Benny Gantz praised the test for “equipping the State of Israel with the capabilities to defend itself against developing threats,” adding the Arrow-3 system “provides Israel with the freedom to maneuver strategically.”

U.S. Missile Defense Agency (MDA) Director Jon Hill said in the statement that the test was designed to “challenge every element of the Arrow Weapon System, and it performed beautifully.”

Hill added the MDA remains committed to assisting Israel in upgrading its missile defense capability.
The Arrow-3 weapon system is part of Israel’s multi-layer defense system, which includes Iron Dome, a system aimed at intercepting short-range rockets from Gaza, David’s Sling, a medium to long-range missiles defense system, and the long-range Arrow-3.
In 2021, Israel said it was developing a new ballistic shield system, dubbed Arrow-4, jointly with the United States. ■

Photo 1 – (220118) — JERUSALEM, Jan. 18, 2022 (Xinhua) — An Arrow-3 interceptor is launched at a test site in central Israel on Jan. 18, 2022. Israel and the United States have completed a successful flight test of the Arrow-3 ballistic missile interceptor, the Israeli Ministry of Defense announced on Tuesday. (Israel Ministry of Defense/Handout via Xinhua)

Photo 2 – (220118) — JERUSALEM, Jan. 18, 2022 (Xinhua) — An Arrow-3 interceptor is launched at a test site in central Israel on Jan. 18, 2022. Israel and the United States have completed a successful flight test of the Arrow-3 ballistic missile interceptor, the Israeli Ministry of Defense announced on Tuesday. (Israel Ministry of Defense/Handout via Xinhua)