China
“အတင်းအဓမ္မလုပ်အားစေခိုင်းမှု” လုပ်ကြံပြောဆိုချက်ကို ရှင်းကျန်း ဒေသခံများ ပယ်ချ
ဝူးလူမုချ ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသခံများက “အတင်းအဓမ္မလုပ်အားစေခိုင်းမှု” ဟူသည့် မဟုတ်မမှန်လုပ်ကြံပြောဆိုချက် ကောလာဟလများကို ပယ်ချလိုက်ကြောင်း သိရသည်။
အဆိုပါဒေသခံများသည် တနင်္ဂနွေနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရှင်းကျန်းဒေသအစိုးရအနေဖြင့် (ဒေသခံများ) သူတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန် သူတို့ကို အားပေးကူညီမှုပြုလုပ်နေစဉ်အတွင်းမှာပင် သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးမည့် ဖြစ်နိုင်သမျှနည်းလမ်းများအား အသုံးပြုလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Wensu မြို့ငယ်တွင် live ထုတ်လွှင့်မှုပြုလုပ်နေသည့် Pazliyan Maoraturdi ဆိုသူ အမျိုးသမီးက ပုံမှန်ဝင်ငွေရရှိရန်တစ်ခုတည်းအတွက်သာမက ကောလိပ်မှ ဘွဲ့ရပြီးနောက်တွင် အခြားသောစိုက်ပျိုးရေးထုတ်ကုန်များ နှင့် ပျားရည်အတွက် လုပ်ကိုင်နေကြသော ဒေသခံလယ်သမားများအတွက် ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ပိုမိုရရှိရန် ကူညီဆောင်ရွက်ပေးပုံကို ပြသခဲ့သည်။
ယင်း ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုတွင်သူ(မ)က ရှင်းကျန်းရိုးရာအကကို ကိုယ်တိုင် ပါဝင်ကပြတင်ဆက်ခဲ့သည်။
“ ရုပ်သံကနေ live ထုတ်လွှင့်မှုဟာ စိုက်ပျိုးရေးထုတ်ကုန်တွေကို အရောင်းမြှင့်တင်ရာမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ပိုမိုကြီးမားတဲ့အလားအလာကောင်း တစ်ခုပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ “ ကျွန်မရဲ့ ကိုယ်ပိုင်အားထုတ်မှုတွေကနေ ကျွန်မ ဝင်ငွေတွေရရှိခဲ့ပါတယ်၊ လယ်သမားတွေကို ပိုပြီး အကျိုးပြုပါတယ်”ဟု ဆိုသည်။
ဒေသခံအစိုးရ၏ ထောက်ခံအားပေးမှုနှင့်အတူ Nurrela Wusman သည် ၂၀၂၀ ပြည့်နှစ်တွင် Atux မြို့ငယ်လေး၌ အိမ်သန့်ရှင်းရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သူဖြစ်သည်။ ယင်းလုပ်ငန်းသည် ယခုအခါ ဝန်ထမ်းပေါင်း ၈၀ ကျော်ဖြင့် အိမ်သန့်ရှင်းရေး နှင့် ကလေးထိန်းခြင်းအပါအဝင် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၂၀ ကျော်ကို လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ခြေလက်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုကို ကျွန်မတို့ ဖန်တီးပါတယ် ၊ “ အတင်းအဓမ္မလုပ်အားစေခိုင်းမှု” ဆိုတဲ့ ကောလာဟလဟာ တော်တော်လေးကို အခြေအမြစ်မရှိတဲ့စကားပါပဲ” ဟု Wusman က ဆိုသည်။
ရှင်းကျန်းသည် အလုပ်အကိုင်အခွင့်အလမ်းကို တွန်းအားပေးရန် အရေးကြီးသော လမ်းကြောင်းတစ်ခုကို စတင်ဖောက်လုပ်ထားကြောင်း နှင့် လေ့ကျင့်သင်ကြားမှုများ နှင့် အခွန်လျှော့ပေါ့မှုများ အပါအဝင် ထောက်ခံအားပေးမှု မူဝါဒများစွာကို မိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းကျန်းဒေသ ပြည်သူ့အလုပ်အကိုင်ဝန်ဆောင်မှုစင်တာ ညွှန်ကြားရေးမှူး Zhang Rong က ဆိုသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ချေးငွေစတင်မှုအစီအစဉ်တွင် စုစုပေါင်း တရုတ်ယွမ် ၅.၄၇ ဘီလီယံကို ထုတ်ချေးပေးခဲ့ရာ လူပေါင်း ၃၈၇,၂၀၀ ဦးအတွက် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများ စတင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း နှင့် အလုပ်အကိုင်သစ်ပေါင်း ၈၀၆,၅၀၀ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………………
(English Version)
Xinjiang residents reject “forced labor” slander
URUMQI, Nov. 15 (Xinhua) — Residents of northwest China’s Xinjiang Uygur Autonomous Region have slammed rumors of “forced labor.”
At a press conference Sunday, they said the local government uses every means available to create employment opportunities for them while encouraging them to start their own businesses.
Pazliyan Maoraturdi, a livestreaming hostess in Wensu County in Xinjiang, not only earns a stable income, but helps more local farmers expand the market for honey and other agricultural products after college graduation.
She performs Xinjiang’s folk dance in her livestreaming shows.
“There is an enormous potential for development in promoting agricultural products through livestreaming,” she said. “I make money through my own efforts and benefit more farmers.”
With support of the local government, Nurrela Wusman set up a housekeeping service company in the city of Atux in 2020. The firm now has over 80 employees and provides more than 20 services including cleaning and babysitting.
“We create a better life with our own hands, and rumors about ‘forced labor’ are totally groundless,” she said.
Xinjiang regards business start-ups as an important channel to boost employment, introducing a series of supportive policies including training subsidies and tax reductions, said Zhang Rong, director of the region’s public employment service center.
Zhang added Xinjiang issued a total of 5.47 billion yuan in start-up loans from 2016 to 2020, helping 387,200 people start their own businesses and create 806,500 new jobs.
Local women sell walnut products via live streaming at an e-commerce service center in Yecheng County, northwest China’s Xinjiang Uygur Autonomous Region, Sept. 20, 2020. (Xinhua/Ma Kai)