Connect with us

Europe

အထင်ကရ RCEP သဘောတူညီချက်တွင် ဩစတြေးလျနိုင်ငံ အတည်ပြုလက်မှတ်ရေးထိုး

ကန်ဘာရာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးကြောင်း နိုဝင်ဘာ ၃ ရက်၌ ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်မှာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) အဖြစ် လာမည့်နှစ်တွင် အသက်ဝင်လာမည်ဖြစ်သည်။RCEP သည် နိုင်ငံ၏ စီးပွားရေးအတွက် အဓိကမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne နှင့် ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး Dan Tehan တို့က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“ကျွန်ုပ်တို့ရဲ့ လယ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ရဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်စေဖို့ ဩစတြေးလျနိုင်ငံက ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးရခြင်း ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်အရ သိရသည်။

သဘောတူညီချက်အား လက်မှတ်ရေးထိုးထားသော နိုင်ငံ ၁၅ နိုင်ငံဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန် စသည့်နိုင်ငံများသည် ကမ္ဘာ့လူဦးရေနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ၏ ၃၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

အဆိုပါ သဘောတူညီချက်သည် နိုင်ငံများအကြား ကုန်စည်များ ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းအထိ အကောက်ခွန်များ ဖယ်ရှားပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် e-commerce ဆိုင်ရာ စည်းမျဉ်းများအား စံသတ်မှတ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

“နိုင်ငံ ၁၅ နိုင်ငံလုံး အတည်ပြုလက်မှတ်ရေးထိုးပြီးတဲ့အချိန်မှာ RCEP ဟာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ဖြစ်လာမှာဖြစ်ပြီး ဩစတြေးလျနိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ရေးမိတ်ဖက် ၁၅ နိုင်ငံအနက် ၉ ခုကို တစ်ခုတည်းသောစီးပွားရေးမူဘောင်အတွင်းသို့ ဆောင်ယူနိုင်ပြီဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

RCEP သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သော နိုင်ငံ အနည်းဆုံး ၃ နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ ကြာပါက အသက်ဝင်လာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ဒီသမိုင်းမှတ်တိုင်ဟာ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတို့က အတည်ပြုလက်မှတ်ရေးထိုးခြင်းနဲ့အတူ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ရောက်ရှိခဲ့ပြီဖြစ်ကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ RCEP အသက်ဝင်လာရေးအတွက် လမ်းကြောင်းဖော်ပေးမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

နယူးဇီလန်နိုင်ငံ ကုန်သွယ်ရေးနှင့် ပို့ကုန်တိုးတက်ရေးဆိုင်ရာ ဝန်ကြီး Phil Twyford ကလည်း နယူးဇီလန်နိုင်ငံ အနေဖြင့် ပို့ကုန်သမားများနှင့် စီးပွားရေးသမားများ၊ ဈေးကွက်အသစ်ဝင်ရောက်ရေးအတွက် ကြီးမားသော စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများအား တံခါးဖွင့်ပေးရန် သဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်၌ ကြေညာခဲ့သည်။
နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် RCEP ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက စတင်ကြေညာခဲ့ပြီး ပါဝင်သောနိုင်ငံများအကြား သတ်မှတ်ထားသော ခေါင်းဆောင်များနှင့် ဝန်ကြီးအဆင့်အစည်းအဝေးများစွာနှင့် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့ပြီးနောက် လက်မှတ်ရေးထိုးမှု ပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)
Australia ratifies landmark RCEP agreement
2021-11-03 15:54:24
CANBERRA, Nov. 3 (Xinhua) — Australia on Wednesday announced that it has ratified the Regional Comprehensive Economic Partnership (RCEP) agreement, which will take effect next year as the world’s largest free trade agreement (FTA).
Australian Foreign Minister Marise Payne and Minister for Trade, Tourism and Investment Dan Tehan said in a statement that RCEP would be a major boost for the country’s economy.
“Australia has ratified the Regional Comprehensive Economic Partnership Agreement, ensuring that our farmers and businesses are able to access the benefits of what will be the world’s largest free trade agreement,” according to the statement.
The 15 signatories to the agreement — 10 members of the Association of Southeast Asian Nations (ASEAN), Australia, New Zealand, China, South Korea and Japan — account for approximately 30 percent of the world’s population and global gross domestic product (GDP).
It is designed to remove tariffs on as much as 90 percent of goods traded between the countries and standardize rules on investment and e-commerce.
“When in force for all 15 signatories, RCEP will be the world’s largest free trade agreement, bringing nine of Australia’s top 15 trading partners into a single economic framework,” the statement said.

RCEP will enter into force 60 days after ratification by at least six ASEAN states and at least three non-ASEAN countries, according to the statement.
“That milestone was reached on 2 November 2021 with ratification by Australia and New Zealand, which will pave the way for RCEP to enter into force on 1 January 2022,” it said.
New Zealand’s Minister of State for Trade and Export Growth Phil Twyford announced Wednesday that New Zealand has also ratified the deal to unlock huge economic benefits for exporters and businesses, as well as new market access.
Representatives from the 15 countries signed RCEP in November 2020. The signing came after more than 30 rounds of negotiation, which was launched in November 2012, as well as a number of specific leaders and ministerial meetings between the participating countries. Enditem
Aerial photo taken on March 3, 2021 shows containers piled up at the Ningbo Zhoushan Port in Ningbo, east China’s Zhejiang Province. (Xinhua/Weng Xinyang)