Connect with us

North America

အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်း COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ

ဝါရှင်တန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်းသည် COVID-19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ ဒီမနက်မှာ ကျွန်တော် ကိုဗစ်-၁၉ ရောဂါစစ်ဆေးကြည့်တော့ positive ထွက်ပါတယ်” ဟု ဝန်ကြီးအော်စတင်းက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ရောဂါလက္ခဏာအပျော့စားသာခံစားရကြောင်း နှင့် လာမည့် ၅ ရက်တာကာလကို သီးခြားခွဲ(ကွာရန်တင်း) နေထိုင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်း(ယာ) နှင့် ရိုမေးနီးယားနိုင်ငံကာကွယ်ရေးဝန်ကြီး Nicolae Ciuca (လယ်) တို့အား ရိုမေးနီးယားနိုင်ငံ ဘူချာရတ်မြို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ ကျွန်တော်ရောဂါကူးစက်ခံရတဲ့အကြောင်းကို သမ္မတအပါအဝင် ကျွန်တော့်ရဲ့ခေါင်းဆောင်အဖွဲ့ဆီ အသိပေး တင်ပြထားပါတယ်” ဟု အော်စတင်းက ပြောကြားခဲ့သည်။
“ ကျွန်တော့်ဝန်ထမ်းတွေက ရောဂါ ခြေရာခံမှုတွေကို စပြီးလုပ်နေပါပြီ ၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကျွန်တော်နဲ့ထိတွေ့ခဲ့သူအားလုံးကို ရောဂါရှိမရှိ စစ်ဆေးမှုတွေလုပ်နေပါတယ်” ဟု ၎င်း ကဆိုသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက ၎င်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် သမ္မတဂျိုးဘိုင်ဒန်နှင့် နောက်ဆုံးတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း နှင့် “အဲဒီနေ့မနက်မှာ ကိုဗစ်ရောဂါစစ်ကြည့်တော့ negative ထွက်ခဲ့ပါတယ်” ဟု ဆိုသည်။

ဝန်ကြီးအော်စတင်းက ၎င်းအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ၎င်း၏ ဝန်ထမ်းအချို့အား (နှာခေါင်းစည်းတပ်ဆင်၍ တစ်ဦးနှင့်တစ်ဦးခပ်ခွာနေထိုင်မှုပုံစံဖြင့်) တွေ့ဆုံညွှန်ကြားမှုပြုလုပ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် နောက်ပိုင်းအချိန်ကတည်းက ပင်တဂွန်စစ်ဌာနချုပ်သို့ သွားရောက်ခဲ့ခြင်းမရှိတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသက် ၆၈ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်းသည် ကိုဗစ် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးဖြစ်သလို အားဖြည့်ကာကွယ်ဆေး(booster shot) လည်း တစ်ကြိမ်ထိုးနှံမှုခံယူထားသူဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

U.S. secretary of defense tests positive for COVID-19

WASHINGTON, Jan. 3 (Xinhua) — U.S. Secretary of Defense Lloyd Austin announced Sunday that he tested positive for COVID-19.
“I tested positive this morning for COVID-19,” Austin said in a statement, adding that he was experiencing mild symptoms and will be quarantined for the next five days.

“I have informed my leadership team of my positive test result, as well as the President,” Austin said. “My staff has begun contact tracing and testing of all those with whom I have come into contact over the last week.”

The secretary said he last met U.S. President Joe Biden on Dec. 21, 2021 and “tested negative that very morning.” He has not been in the Pentagon since Thursday, when he met briefly with a few members of his staff, during which they “were properly masked and socially distanced throughout,” the statement said.Austin, 68, said he has been fully vaccinated and received a booster shot.

Photo(1) File photo taken on April 11, 2021 shows U.S. Defense Secretary Lloyd Austin attending a press conference in Tel Aviv, Israel. (Gideon Markowicz/JINI via Xinhua)

Photo(2) File photo taken on Oct. 20, 2021 shows U.S. Secretary of Defense Lloyd Austin (R) attending an official welcoming ceremony with Romania’s Defense Minister Nicolae Ciuca in Bucharest, Romania. (Photo by Cristian Cristel/Xinhua)