Connect with us

North America

အမေရိကန်က ဆိုမာလီယာနိုင်ငံရှိ အယ်လ်ရှာဘတ် စစ်သွေးကြွများအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဒါဒစ်ရှူးရှိ Safari ဟိုတယ်အနီး၌ ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ဖြစ်စဉ်အား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်တပ်ဖွဲ့များသည် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်မှုရှိသည့် ဆိုမာလီယာနိုင်ငံရှိ အယ်လ်ရှာဘတ် (al-Shabaab) စစ်သွေးကြွအဖွဲ့ကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ဆိုမာလီယာနိုင်ငံအစိုးရနှင့် ညှိနှိုင်းမှုအရ အမေရိကန်၏ အာဖရိကအခြေစိုက် ရှေ့တန်းစစ်ဌာနချုပ်က ဇူလိုင် ၂၀ ရက်တွင် ဆိုမာလီယာနိုင်ငံ Galkayo မြို့အနီးရှိ အယ်လ်ရှားဘတ် လက်နက်ကိုင်များအား လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် Cynthia King က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆင်ရေးတွင် အမေရိကန်တပ်ဖွဲ့များက ဆိုမာလီယာတပ်ဖွဲ့များနှင့်အတူ လိုက်ပါခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ဆိုမာလီမိတ်ဖက်တပ်ဖွဲ့ဝင်များ၏ သတ်မှတ်ထားသော ပစ်မှတ်များကို စစ်ဆေးရေးဆောင်ရွက်ရာတွင် အမေရိကန်က အဝေးမှ အကြံဉာဏ် နှင့် အကူအညီများ ပံ့ပိုးပေးခဲ့ကြောင်း ဆိုသည်။

ယင်းစစ်ဆင်ရေးသည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် တာဝန်စတင်ယူချိန်မှစ၍ ဆိုမာလီယာနိုင်ငံ၌ အမေရိကန်၏ ပထမဆုံး လေကြောင်းတိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သမ္မတ(ဟောင်း) ဒေါ်နယ်ထရန့်လက်ထက် ပြီးခဲ့သော နှစ် ဒီဇင်ဘာလက ဆိုမာလီယာနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင် ခန့်မှန်းခြေ ၇၀၀ ခန့်ကို ရုပ်သိမ်းရန် ပင်တဂွန်အား အမိန့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)

U.S. launches airstrike against al-Shabaab terrorists in Somalia

WASHINGTON, July 20 (Xinhua) — The Pentagon said on Tuesday that U.S. forces had conducted an airstrike in Somalia against al-Shabaab, a terrorist group linked to al-Qaeda.

“In coordination with the Federal Government of Somalia, U.S. Africa Command forces conducted one airstrike against al-Shabaab in the vicinity of Galkayo, Somalia, July 20, 2021,” Pentagon spokeswoman Cynthia King said in a statement.

“There were no U.S. forces accompanying Somali forces during this operation,” she added. “U.S. forces were conducting a remote advise and assist mission in support of designated Somali partner forces.”

The operation marked the first U.S. airstrike in Somalia since President Joe Biden took office.Former President Donald Trump last December ordered the Pentagon to withdraw an estimated 700 U.S. troops stationed in Somalia. Enditem

Photo – Photo taken on Oct. 14, 2017 shows the explosion site near Safari hotel in Mogadishu, capital of Somalia. At least 40 people were killed and several others injured in a deadly bomb explosion near a popular hotel in Somali capital of Mogadishu on Saturday, the police said. (Xinhua/Faisal Isse)