Connect with us

North America

အမေရိကန်နိုင်ငံတွင် ကပ်ရောဂါကာလအတွင်း ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် သေဆုံးမှု စံချိန်တင်မြင့်မားကြောင်းတွေ့ရှိ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Montebello မြို့ရှိ ဆေးရုံတစ်ရုံ၏ COVID ကုသရေးနေရာ၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက် တွင် လူနာတစ်ဦးအား ကျန်းမာရေးဝန်ထမ်းတစ်တစ်ဦးမှ ကြည့်ရှုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဘတ်ဂျက်တစ်နှစ်တာအကုန်ကာလဖြစ်သည့် ဧပြီလအထိ ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် အမေရိကန်နိုင်ငံသား ၁၀၀,၀၀၀ ကျော် သေဆုံး ခဲ့ကြောင်း အမျိုးသားကျန်းမာရေးစာရင်းအင်းစင်တာ မှ ယာယီကိန်းဂဏန်းများအား ကိုးကား၍ နယူးယောက်တိုင်းမ်သတင်းစာတွင် နိုဝင်ဘာ ၁၇ ရက်က ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ်ဘတ်ဂျက်နှစ် တစ်နှစ်တာကာလတွင် သေဆုံးသူ ဦးရေ ၇၈,၀၀၀ နီးပါးရှိခဲ့ရာမှ ၃၀ ရာခိုင်နှုန်းတိုးလာခဲ့ပြီးနောက် ၂၀၂၀ပြည့်နှစ် တစ်နှစ်တာအတွင်း ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးသူအရေအတွက် ပထမဆုံးအဖြစ် ၁၀၀,၀၀၀ ကျော်သွားခြင်းလည်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။

ဆေးအလွန်အကျွံသောက်သုံးခြင်းကြောင့် သေဆုံးမှုသည်၂၀၁၅ ခုနှစ်မှစပြီး နှစ်ဆကျော် တိုးလာခဲ့ကြောင်း၊ ၎င်းသည် ကုသမှုလက်လှမ်းမမီခြင်း၊ စိတ်ကျန်းမာရေးပြဿနာများ မြင့်တက်လာခြင်းနှင့် အန္တရာယ်ရှိသော လမ်းဘေးဆေးဝါးများ ပိုမိုကျယ်ပြန့်စွာရရှိနိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘဝ၏ အရွယ်ကောင်းဖြစ်သည့် အသက် ၂၅ နှစ်မှ ၅၅ နှစ်ကြားအရွယ်သေဆုံးမှုအများဆုံးဖြစ်သောကြောင့် ရေရှည်အကျိုးဆက်ဖြစ်နိုင်ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုဆိုင်ရာ အမျိုးသားအင်စတီကျုမှ ညွှန်ကြားရေးမှူး ဒေါက်တာ . Nora Volkow ၏ ပြောစကားအား ကိုးကား၍ ဖော်ပြထားသည်။ (Xinhua)

————————————
(English Version)
U.S. sees record high of overdose deaths amid pandemic: NYT
NEW YORK, Nov. 18 (Xinhua) — More than 100,000 Americans died from drug overdoses in the yearlong period ending in April, The New York Times reported Wednesday, citing provisional figures from the National Center for Health Statistics.
It is for the first time the number of overdose deaths in the United States has surpassed 100,000 a year after increasing almost 30 percent from the 78,000 deaths in the prior year, it added.
Overdose deaths have more than doubled since 2015, said the report, adding that it resulted from lost access to treatment, rising mental health problems and wider availability of dangerously potent street drugs.
The fatalities have lasting repercussions, since most of them occurred among people aged 25 to 55, in the prime of life, Dr. Nora Volkow, director of the National Institute on Drug Abuse was quoted as saying. Enditem