Connect with us

North America

အမေရိကန်နိုင်ငံရှိ အသက်အကြီးဆုံးဒုတိယကမ္ဘာစစ် စစ်ပြန်ကြီး အသက် ၁၁၂ နှစ်အရွယ်တွင် နယူးအော်လန်း၌ ကွယ်လွန်

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် Long Island ရှိ အမေရိကန် သံချပ်ကာပြတိုက် ပြခန်းတစ်ခုသို့ လာရောက်လေ့လာသူတစ်ဦးအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ အသက်အကြီးဆုံးဒုတိယကမ္ဘာစစ် စစ်ပြန်အဖိုးအို လော့ရင့်စ် ဘရွတ်စ် (Lawrence Brooks) သည် အသက် ၁၁၂ နှစ်အရွယ်တွင် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်း၌ ကွယ်လွန်သွားခဲ့ကြောင်း အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီယားနားပြည်နယ် နယူးအော်လန်းမြို့ရှိ ဒုတိယကမ္ဘာစစ် အမျိုးသားပြတိုက်အရ သိရသည်။

အဆိုပါ စစ်ပြန်ကြီးသည် ၎င်းစီစဉ်ထားသည့်အတိုင်း နယူးအော်လန်းမြို့ရှိ နေအိမ်တွင်ပင် ၎င်း၏ကိုယ်ပိုင်အိပ်ရာပေါ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း Military Times က ဖော်ပြထားသည်။

Brooks သည် ဘာသာရေးယုံကြည်မှုအားကောင်းပြီး “နူးညံ့တဲ့သဘောထား” ရှိသူဖြစ်ကြောင်း ပြတိုက် ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Stephen Watson က ပြောသည်။

“နိုင်ငံရဲ့ အသက်အကြီးဆုံး သက်ရှိစစ်ပြန်ကြီးအဖြစ် သူဟာ ဒုတိယကမ္ဘာစစ်အတွင်း ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့ကြင်နာမှု၊ အပြုံနဲ့ ဟာသဉာဏ်ရွှင်မှုတွေက သူ့ကို ချစ်ခင် အားကျကြတဲ့ မျိုးဆက်တွေနဲ့ ချိတ်ဆက်ပေးပါတယ်” ဟု Watson က ဆိုသည်။

“အမေရိကန်ရဲ့ အသက်အကြီးဆုံးဒုတိယကမ္ဘာစစ် စစ်ပြန်ကြီး၊ လူဝီစီယားနားရဲ့ ဂုဏ်ယူစရာကောင်းသူ မစ္စတာ လောရင့် ဘရွတ်စ် ကွယ်လွန်ကြောင်း ကြားသိရတဲ့အတွက် အလွန်ဝမ်နည်းမိပါတယ်” ဟု လူဝီစီယားနား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျွန်အက်ဝပ်စ်က တွစ်တာပေါ်၌ ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့သည်။

လူဝီစီယားနားမြို့ ဇာတိနှင့် ဒေသခံတစ်ဦးဖြစ်သော ဘရွတ်စ်သည် ဒုတိယကမ္ဘာစစ်အတွင်း အမှတ် ၉၁ အင်ဂျင်နီယာ ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ လူမည်းစစ်ပြန်ကြီးသည် လူဖြူနှင့် လူမည်း စစ်သားများကြား တဲများ သီးသန့်ခွဲခြား အိပ်စက်ရသလို သီးသန့်ခွဲခြားစားသောက်ရသော အမေရိကန် သမိုင်းတွင် ခွဲခြားဆက်ဆံခံရသည့် ကာလ၌ တာဝန်ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။

၎င်းအား ၁၉၀၉ ခုနှစ်က ဘာတန်ရို့ချ်မြို့ အပြင်ဘက် ကျေးရွာငယ်လေးတစ်ခုတွင် မွေးဖွားခဲ့ပြီး မွေးချင်း ၁၅ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ ၎င်း၏မိဘများသည် လယ်သီးစားလုပ်ကိုင်သူများဖြစ်ကြပြီး ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးပြီးနောက် အလုပ်အကိုင်ရှာဖွေရန် မစ္စစ္စပီသို့ ရွှေ့ပြောင်းခဲ့ကြကြောင်း NBC News က သတင်းဖော်ပြထားသည်။

ဘရွတ်စ်သည် ၁၉၄၁ ခုနှစ်တွင် စစ်မှုထမ်းခွင့်ပြီးမြောက်ပြီးနောက် ကနဦးထွက်ခွာခွင့်ရရှိခဲ့ကာ နယူးအော်လန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရပြီးနောက် သီတင်းပတ်များအကြာတွင် အမေရိကန် စစ်တပ်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ထို့နောက် ဘရွတ်စ်သည် ဩစတြေးလျ၊ နယူးဂီနီနှင့် ဖိလစ်ပိုင် နိုင်ငံများ၌ တာဝန်ထမ်းဆောင်ခဲ့သည်။

တာဝန်ကုန်ဆုံးချိန်တွင် ဘရွတ်စ်သည် Jim Crow ခေတ်၏ လူမျိုးရေးခွဲခြားဝါဒအချိန်၌ နေရပ်သို့ ပြန်လာခဲ့ပြီး အသက် ၇၀ ပြည့်နှစ် အနားမယူမီအထိ ပစ္စည်းသယ်ကားမောင်းသူအဖြစ် အရပ်သားဘဝဖြင့် နေထိုင်ခဲ့သည်။ ၎င်း၏ ဇနီး Leona သည် ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ဘရွတ်စ်သည် သားသမီး ၅ ဦး၊ မြေး ၁၃ ဦးနှင့် မြစ် ၃၂ တို့နှင့်အတူ နေထိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Oldest U.S. WWII veteran dies at 112 in New Orleans
Source: Xinhua
Editor: huaxia
2022-01-06 07:19:15
HOUSTON, Jan. 5 (Xinhua) — Lawrence Brooks, the oldest World War II veteran in the United States, died on Wednesday morning at the age of 112, according to The National WWII Museum in New Orleans, the largest city in U.S. southern state Louisiana.
He died as he had planned — in his own bed in his home in New Orleans, Military Times reported.
Stephen Watson, president and CEO of the museum, called Brooks a man of great faith and “gentle spirit.”
“As the nation’s oldest known living veteran, he proudly served our country during World War II,” Watson said. “His kindness, smile and sense of humor connected him to generations of people who loved and admired him.”
“I am sorry to hear of the passing of Mr. Lawrence Brooks, America’s oldest World War II veteran and a proud Louisianan,” Louisiana Governor John Edwards offered his condolences on Twitter.
Brooks, a Louisiana native and resident, served in the predominately Black 91st Engineer Battalion during the second world war. The Black Army veteran served at a time of segregation in U.S. history, where white and Black soldiers slept in separate tents and ate separately.
He was born in 1909 in a small village outside of Baton Rouge as one of fifteen children. His parents were sharecroppers who moved to Mississippi to find work after the Great Depression, said an NBC News report.
Brooks was initially discharged and returned to New Orleans in November 1941 after his obligatory year of service, but rejoined the U.S. Army following the attack on Pearl Harbor weeks later. Brooks then served overseas in Australia, New Guinea and the Philippines.
At the end of his service, Brooks returned home to the racism of the Jim Crow era and fell back into civilian life as a forklift operator until retiring his 70s. His wife, Leona, died in 2008.
Brooks is survived by five children, 13 grandchildren and 32 great-grandchildren. Enditem
Photo : A visitor takes photo of an exhibit in the Museum of American Armor on Long Island of New York State, the United States, Aug. 15, 2020. (Xinhua/Wang Ying)